ယူရှောင်မိုတစ်ယောက်ကတော့ သူ့ဝိဥာဉ်က တခြားသူတွေနဲ့ မတူဘူးဆိုတာကို မသိဘူးဆိုတော့ . .  သေချာတာပေါ့ သူ့ဝိဥာဉ်က တိုက်ခိုက်နိုင်တယ်ဆိုတာကိုလည်း သူလုံးဝ မသိသေးဘူးပေါ့!




တကယ်တော့ ၎င်းအချက်သည် ယူရှောင်မို၏ ဆေးဖော်စပ်နှုန်း အလေအလွင့်မရှိပဲ တစ်ရာရာခိုင်နှုန်း အပြည့်ဖြစ်နေရခြင်း၏ နောက်ကွယ်မှ အကြောင်းအရင်း အမှန်ဖြစ်လေသည်၊ လောက၌ သူ့အလိုလိုဖြစ်လာရခြင်းမျိုး မရှိ၊ အကျိုးရှိသ၍ အကြောင်းအရင်းရှိတတ်ပေသည်သာ ။







ချိုင်ကျွင်း၏ ချောင်းမြောင်းတိုက်ခိုက်မှုအား သတိပြုမိပြီးနောက် ပထမတွင် ယူရှောင်မိုသည် အကာအကွယ်စည်း ပြုလုပ်ရန်သာ ဆန္ဒရှိခဲ့သော်ငြား ချိုင်ကျွင်းအား ဒီအတိုင်း အေးဆေးဆေးဆေးနေခွင့် မပြုနိုင်တော့သောကြာင့် သူသည် ဝိဥာဉ်စွမ်းအား အနည်းငယ်ထုတ်လွှတ်ကာ ချိုင်ကျွင်းအား တိုက်ခိုက်ရန် ကြိုးစားကြည့်သည်၊ ယူရှောင်မိုမှ သူ့အားတိုက်ခိုက်ရန် ဝိဥာဉ်စွမ်းအားများ ထုတ်လွှတ်လိုက်သည်ကို မြင်သောအခါ ချိုင်ကျွင်းသည် ကြောက်လန့်ရမည့်အစား ပျော်ရွှင်သွားလေ၏၊ ထိုအခွင့်အရေးအား အသုံးချ၍ ယူရှောင်မိုအား ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်ချိန်၌ ယူရှောင်မိုဆီမှ ဝိဥာဉ်စွမ်းအားများနှင့် ထိကာ သူ၏ ဝိဥာဉ်စွမ်းအားများလုံးဝ ဖြတ်ချခံလိုက်ရလေတော့၏ ။






ဝိဥာဉ်စွမ်းအားသည် ဝိဥာဉ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သောကြောင့် ပင်မဝိဥာဉ်မှ ခွဲထုတ်၍ မရနိုင်ပေ၊ တစ်ကြိမ် ဖြတ်ချခံလိုက်ရသည်နှင့်ပင် ဝိဥာဉ်၌ ထိခိုက်ဒဏ်ရာ ရရှိနိုင်၏၊ အမြင့်ဆုံးအဆင့် မှော်ဆရာတစ်ဦး၏ တိုက်ခိုက်မှုနှင့်ဆိုလျှင် ပို၍ ပြင်းထန်သော နောက်ဆက်တွဲများကိုပါ ခံစားရနိုင်၏၊ ဝိဥာဉ်ထိခိုက်မှုနှင့် ခန္ဓာကိုယ်ထိခိုက်မှုမှာ အဆင့်ခြင်း မတူညီကြပေ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများသည် မှော်ဆေးလုံးများဖြင့် အချိန်တိုအတွင်း ကုစား၍ရနိုင်သည်၊ သို့သော် နာမ်ပိုင်းဆိုင်ရာ ထိခိုက်မှုများသည် ပို၍ ရှုပ်ထွေးကာ အထူးမှော်ဆေးလုံးများ လိုအပ်သည့်အပြင် ကုစားရန် အချိန်များစွာလည်း လိုအပ်သေး၏၊ ၎င်းမှာ အသေးစားထိခိုက်မှုမျိုးအတွက်သာ ဖြစ်ပြီး ပို၍ကြီးမားသော ထိခိုက်မှုမျိုးဆိုလျှင် နောက်ပိုင်း ကျင့်ကြံမှုများတွင်ပါ သက်ရောက်မှု ရှိနိုင်၏ ။

The Legendary Master's Wife (Myanmar Translation)Unde poveștirile trăiesc. Descoperă acum