8

6.1K 553 19
                                    

အချစ်ကို ဘယ်လိုအဓိပ္ပါယ်ဖွဲ့နွဲ့.ကြလည်း..
ပေးဆပ်ခြင်း.......
ရယူခြင်း........
ပျော်ရွှင်ခြင်း........
ဝမ်းနည်းခြင်း..........
ချိုမြိန်ခြင်း..........
ခါးသီးခြင်း.........

ကျွန်တော်သတ်မှတ်ထားတဲ့အချစ်က! ဖြူစင်တန်ဖိုးထားစွာနဲ့သူ့ကိုငေးကြည့်နေမိရုံ............
မြတ်နိုးလွန်းစွာနဲ့တယုတယလေးသိမ်းထားချင်မိရုံ...........

မျှော်လင့်ချက်တွေမပါသလို နောင်တတရားတွေလည်းမပါခဲ့ဘူး ဒီတိုင်းလေး ဒီတိုင်းလေးပဲ သူရဲ့ဖြစ်တည်မူလေးက ကျွန်တော်ကိုပျော်ရွှင်စေမိရုံပါ............

Lost Love(LL)🥀

Hotelနဲ့ပက်သက်ပြီးလိုချင်တဲ့ဒီဇိုင်းနဲ့ကုန်ကျမည့်စရိတ်ကို hotelဆောက်မည့်လူနဲ့အချိန်အတော်ကြာဆွေးနွေးပြီးနောက်  အဆင်ပြေခဲ့သည်...........

"ထယ်ယောင်း အလုပ်ကိစ္စလည်းပြီးပြီဆိုတော့ Sea lifeကိုသွားချင်ရင်သွားလေ”

ယွန်းဂီစကားကြောင့် ဘေးနားရှိဝန်ထမ်းများအားလုံးမျက်လုံးပြူးသွားကြသည်.......သူတို့၏Bossသည် ထိုသို့သောလူမျိုးမဟုတ်ပါလော.........

"ဟဲ့ Bossနဲ့ထယ်ယောင်းနဲ့က ဘာတွေလဲ”

တိုးလျလျမေးလာသောကောင်မလေးတစ်ယောက်၏စကားကိုသူ့ဘေးနားကကောင်မလေးကတော့ကြားသည်ထင် တွေးဆ ဆဖြင့်သာပြန်လည်မေးခွန်းထုတ်လာပြန်သည်.........

"ငါလည်းမသိဘူးလေ ဒါပေမယ့် Boss ထယ်ယောင်းအပေါ်ကြည့်တဲ့အကြည့်တွေက တစ်မျိုးပဲ”

"နင်တို့နှစ်ယောက်ငြိမ်ငြိမ်နေလိုက်တော့ Bossသာကြားရင် လွယ်မှာမဟုတ်ဘူး”

တာဝန်ခံပြောလာမှသာ နှစ်ယောက်သားငြိမ်ကြသွားသည်..........

"ကျွန်တော်မသွားချင်တော့ပါဘူး hyung”

"မင်းသဘောပဲလေ တာဝန်ခံကလွဲပြီး ကျန်တဲ့လူတွေအားလုံး အခုချက်ချင်းအိမ်ပြန်မယ်”

အမိန့်ပေးသံအဆုံး အကူန်လူံးပြန်မပြောရဲကြ သူတို့Bossအလိုတိုင်းပင်............

Lost Love(LL) (Complete)Where stories live. Discover now