Chapter-10

3.2K 651 18
                                    

[Unicode]“မု ဖုန်းလာနေတယ်”

လိုင်တယ်စစ်သည်တံတွေးထွေးထုတ်ပြီးမုထျန်းဟန်ကိုကြည့်၍ ခါးသီးစွာပြောလိုက်၏။
“ကြည့်ရတာ ဟိုကလေးဆီကထင်တယ်”

မုထျန်းဟန်သည်လိုင်တယ်စစ်ကိုလျစ်လျူရှုလိုက်၏။ဆိုဖာပေါ်မှဖုန်းကိုကောက်ကိုင်လိုက်ပြီး ဝရန်တာသို့တန်းတန်းမတ်မတ်သွားလိုက်၏။
“ဟယ်လို?”

“ကျွန် ကျွန်တော်ပါ”
မိုတိ၏စိတ်လှုပ်ရှားနေသောအသံသည်ဖုန်းမှတဆင့်ဝင်ရောက်လာ၏။
“နှောင့်ယှက်မိသွားလား ကော?”

“မဖြစ်ပါဘူး နံနက်ခုနှစ်နာရီထိုးနေပြီ။အိပ်ရေးမမက်ပါဘူး”
မုထျန်းဟန်၏အသံတွင်အပြုံးတစ်ခုပါဝင်နေသည်။လေ့ကျင့်ခန်းလုပ်ပြီးရေချိုးပြီးရုံရှိသေးကာ ရေငွေ့ကစွဲကျန်နေသေးသည်။ဆံပင်ကအနည်းငယ်စိုစွတ်နေ၏။အဖြူရောင်လက်ရှည်ကိုအနားခေါက်ဝတ်ဆင်ထားပြီး သန်မာသောလက်မောင်းတစ်စုံကိုထုတ်ဖော်ပြသထား၏။

မိုတိသည်ကသိကအောက်ဖြစ်စွာပြုံးလိုက်ပြီးနောက် သမာရိုးကျပြောလိုက်၏။
“ကော ကျွန်တော်ဆေးရုံဆင်းချင်တာကို ဆရာဝန်နဲ့သူနာပြုတွေကပြောတယ် ကောရဲ့ခွင့်ပြုချက်လိုတယ်တဲ့”

“ဆေးရုံစောစောဆင်းချင်တာလား? ဆေးရုံတက်တာသုံးရက်ပဲရှိသေးတယ်လေ။ဒဏ်ရာတွေကရော ပြန်ကောင်းသွားပြီလား?”

မုထျန်းဟန်သည်ဝရန်တာတွင်ရပ်နေပြီး တဘက်ဖြင့်ခေါင်းသုတ်နေ၏။ဤအပြုအမူကလှစ်ဟထားသောညှပ်ရိုးပေါ်းသို့ရေစက်အချို့ကျကာ ကြံ့ခိုင်ပြီးညှို့အားပြင်းသောကြွက်သားများဆီသို့လျှောကျစီးဆင်းစေ၏။ 

“ကျွန်တော့်ဒဏ်ရာတွေကအခုဆိုအများကြီးသက်သာသွားပါပြီ။ပြဿနာမရှိပါဘူး။ဆေးရုံမှာနေဖို့မလိုတော့ဘူး။ရက်နည်းနည်းလောက်ထပ်နားလိုက်ရင် ကောင်းသွားမှာပါ…”

“အဲ့လိုဆို ဆေးရုံမှာနေတာပိုမကောင်းဘူးလား? အခြေအနေကိုစောင့်ကြည့်ဖို့ဆရာဝန်နဲ့သူနာပြုတွေရှိတယ်လေ။”
နံနက်ခင်းရောင်နီသည်စူးရှလာပြီးမုထျန်းဟန်သည်မျက်စိမှေးလိုက်၏။ T
“ဒါမှမဟုတ် ဆေးရုံဆင်းချင်ရတဲ့တခြားအကြောင်းအရင်းရှိလို့လား?”

အသေခံဇာတ်ပို့တစ်ယောက်၏ပြန်လည်ရှင်သန်ခြင်း[ဘာသာပြန်]Where stories live. Discover now