Day-7

378 55 4
                                    

Create A Day With You

Yoona ကို guide လုပ်ပေးတယ်ဆိုသော်ငြား တကယ်တော့ သူကလည်းသူ့စာလုပ် ကိုယ်ကလည်းကိုယ့်စာလုပ်နဲ့ပါဘဲ

သူမရဲ့နေ့စဥ်ဘ၀က ရိုးရှင်းသည်။ကျောင်းကပြန်လာရင် yoona နဲ့ စာတူတူလုပ်ဖြစ် ပြီး ညဘက်ဆိုရင်တော့ yoona နဲ့ ၀ရန်တာမှာ စကားပြောရင်ပြော မပြောရင် လမ်းထိပ်က စတိုးဆိုင်ကို yoona နဲ့ တူတူ လမ်းလျှောက်သွားတတ်သည်။

ရင်းနှီးတဲ့ သူငယ်ချင်းဆိုလို့ sooyoung တစ်ယောက်သာ ရှိတဲ့ သူမအတွက် yoona က ဒုတိယမြောက် သူမအတွက် အရေးပါတဲ့သူဖြစ်လာသလို ညီမ မရှိသူမို့ အငယ်တစ်ယောက်ကို ရလိုက်သလိုမျိုးလည်းခံစားရသည်။

သိပ်မကြာတဲ့ ကာလအတွင်း ကိုယ့်ထက် နှစ်နှစ်ငယ်တဲ့ကလေးတစ်ယောက်နဲ့ ဒီလောက်ရင်းနှီးသွားမယ်လို့မထင်ထားမိတာတော့အမှန်ပါ။တဖြည်းဖြည်း တိုးတိုး လာတဲ့ နီးစပ်မှုတွေဟာလည်း မျက်လှည့်တစ်ခုလို။

ဒီထက် အဆင့်တက်လာဖို့မရှိတော့ဘူးလို့ သူမ ထင်ခဲ့မိပေမယ်​ြ သူမ အတွေးတွေဟာ မှားယွင်းနေမှန်း တစ်ခုသော ညခင်းမှာသိလိုက်ရသည်။

အဲ့နေ့က သောကြာနေ့ည ။လမ်းထိပ်က စတိုးဆိုင်ကို ခေါက်ဆွဲပြုတ်စားဖို့ သူမတို့နှစ်ယောက် ထွက်လာမိတဲ့နေ့ပေါ့။

သူမကတော့ ဟိုတစ်ခါ yoona ရန်ဖြစ်တဲ့နေ့က ကုတ်အညိုရောင်ကို၀တ်ထားပေမယ့် yoona ကတော့ လက်ချောင်းများကို ဖုံးသည်ထိ ရှည်လျားနေတဲ့ အဖြူရောင်ဆွယ်တာတစ်ထည်ကို၀တ်ထားသည်။

ဆွယ်တာမှာ လက်ထည့်ဖို့ အိတ်ကပ်မပါသဖြင့် yoona က လက်ပိုက်ရင်း လျှောက်လာပေမယ့် သူမလက်တွေကတော့ အိတ်ကပ်ထဲမှာနွေးနွေးထွေးထွေး တည်ရှိနေသည်။

"အမ နင်အချစ်ကို ဘယ်လိုမြင်လဲ"

သူမ ခြေလှမ်းတွေ ရပ်လိုက်မိတဲ့နေရာက လမ်းသွယ်ရဲ့ မီးတိုင်အောက်မှာ။

"ကလေးဘဲရှိသေးတဲ့ နင်နဲ့ အချစ်နဲ့ ဘာဆိုင်လို့လဲ"

Create A Day with YouWhere stories live. Discover now