Day-1

1.6K 82 8
                                    

ညပိုင်းဘဲဖြစ်ဖြစ် အင်တာနက်မရတဲ့အချိန်အတွင်းမှာ အပျင်းပြေဖို့ဘဲ‌ဖြစ်ဖြစ် စိတ်ပင်ပန်းတာပြေဖို့ဘဲဖြစ်ဖြစ် ဒါလေး ပြန် publish လုပ်လိုက်တာပါ

အရေးတော်ပုံ အောင်ရမည်။

......

အချစ်ဦးနဲ့အတူနေ့စွဲတစ်ခုဖန်တီးခြင်း.

တစ်ချို့ဇာတ်လမ်းတွေဟာ ပြီးပါပြီလို့သာ
စာတန်းထိုးလိုက်ပေမယ့် ဆက်ရန်ရှိသေးကြောင်း.

......

"Hot chocolate နှစ်ခွက်ပေးပါ"

ကောင်တာကိုမှာပြီးသည်နှင့် ဆိုင်လေးကို တစ်ချက် ဝေ့ကြည့်လိုက်သည်...
ဆိုင်လေးက သပ်သပ်ရပ်ရပ်နဲ့ တစ်ယောက်တည်းအချိန်ဖြုန်းလို့ကောင်းတဲ့ နေရာမျိုးလေးဖြစ်သည်....

အမှတ်မထင် ဆိုင်ထောင့်နားက ကြော်ငြာလိုလိုဘာလိုလို စာသားတစ်ခုကို သတိထားမိလိုက်သည်..

/အချစ်ဦးနဲ့ အတူ နေ့စွဲတစ်ခုဖန်တီးခြင်း/

အပြာနုရောင် အောက်ခံပေါ်က မှင်နက်လေးတစ်ကြောင်း...

"အချစ်ဦး"

ရင်ဘတ်ထဲကို နွေးကနဲ လေပြေတစ်ခုဖြတ်တိုက်သွားသည်....

ကောင်တာက ကောင်မလေးတစ်ယောက်က သူမကြည့်နေသည့်နေရာကို သတိထားမိတော့

"ကျွန်မတို့ဆိုင်ရဲ့ 2 နှစ်ပြည့်အထိမ်းအမှတ်အတွက် အဲ့စာသားလေးစီစဉ်ထားတာပါ ဝယ်သူလည်း အဆင်ပြေရင် ဒီမေးခွန်းလေးတွေ ဝင်ဖြေသွားလို့ရပါတယ်
ပါဝင်တဲ့ လူတိုင်းကို ဆိုင်ရဲ့ member ကတ်နဲ့ အထူးပရိုမိုးရှင်းတွေလည်း ရအုံးမှာပါ"

ဝန်ထမ်းကောင်မလေးပေးတဲ့ စာရွက်လေးကို ကြည့်လိုက်မိသည်..

အပြာနုရောင်စာရွက်လေးပါဘဲ. စာရွက်ထဲမှာတော့
အချစ်ဦးနဲ့ အတူနေ့စွဲတစ်ခုဖန်တီးခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့အတူ အောက်ဘက်မှာ မေးခွန်းနှစ်ခုရှိလေသည်

အချစ်ဦးဆိုတာ.........

အချစ်ဦးဆိုတာကို ကိုယ်ဘယ်လို သဘောထားလဲလို့မေးချင်တာလား။ဝန်ထမ်းကောင်မလေးပေးတဲ့ ဘောပင်နဲ့အတူ စာရွက်ပေါ်ဖိနှစ်ရေးချလိုက်သည်။

Create A Day with YouWhere stories live. Discover now