Day-16

273 33 5
                                    

Create A Day With You

ဖျတ်ဆီးရမှ စိတ်သက်သာရာရတဲ့ သူတွေဟာ တကယ်ရှိသလား။

တည်ငြိမ်နေတဲ့ ဘ၀လေးကို လှိုင်းတစ်ခုလို တစ်ဖန်ပြန်ရိုက်ခတ်
အနည်ထိုင်နေတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ကြောင်တစ်ကောင်လို ကုတ်ဖဲ့
အသားကျနေပြီဖြစ်တဲ့ နှောင်ကြိုးတွေကို စိတ်လိုလက်ရတိုက်ဖြတ်ပြီး ရေအောက်ကမ္ဘာဆီ အပိုင်ခေါ်သွားချင်စိတ်။

သူမက အရာရာကို မတည်ငြိမ်အောင်လုပ်နေမိတဲ့ လူတစ်ယောက်သက်သက်ဘဲ။
အဆုံးသတ်မှာ ကောင်းခြင်းနဲ့ အဆုံးသတ်ရမလား။
ဆိုးခြင်းနဲ့ဘဲ ဇာတ်လမ်းပြီးဆုံးရမလား။
ပျော်ရွှင်ရမလား။
နောက် တဖန်ပြန်ပိုင်ဆိုင်ခွင့်ရမလား။

ကော်ဖီခွက်ထဲ သကြားခဲ အနည်းငယ်ထည့်လိုက်သည်။
ပျော်ရွှင်ရမလား ပျော်၀င်ရမလား။

တစ်ဖက်က အမျိုးသမီးဟာ ကော်ဖီကို တစ်ငုံသောက်သည်။
အောက်ခံပန်းကန်ပြားနဲ့အတူ ခွက်ကိုပါ အသာအယာချရင်း

"လာတဲ့ အကြောင်းအရင်းကို ရှင်သိလောက်မှာပါ"

ဆူယွန်း ခြေချိတ်ထိုင်သည့် အနေအထားကို ပြောင်းလိုက်ကာ ခေါင်းညိတ်ပြလိုက်သည်။
သိပ်တော့ မအံ့ဩပါ ဒီလောက် မြန်မြန်ရောက်လာမယ်လို့ မထင်ခဲ့မိတာဘဲ ရှိသည်။

"ကိုယ်နဲ့တွဲနေတဲ့ သူရဲ့ ရည်းစားဟောင်းကို ကြိုစုံစမ်းထားတာ ကိုယ်လွန်တဲ့ ကိစ္စတော့ မဟုတ်ဘူးဆိုတာ သိမှာပါ"

သူမဘ၀မှာ အရာရာကို လွယ်လွယ်ကူကူ ရခဲ့တာ။
ကလေးကိုတွေ့တော့ တစ်ဘ၀လုံး အခြေချရမယ့်နေရာဟာ ဒီလူသားဆီမှာဘဲဆိုပြီး သက်၀င်ခဲ့တာ။
အိပ်မက်ဆိုးတွေမက်တိုင်း ကလေးကို ဒဏ်ရာတွေပေးခဲ့တဲ့ မိန်းမတစ်ယောက်အပေါ် လိုတာထက်ပိုပြီးဒေါသထွက်ခဲ့တာ။

ကလေးအိမ်မှာ တွေ့ခဲ့တဲ့ မျက်နှာတစ်ခုကို ချက်ချင်း မမှတ်မိဘူးဆို လိမ်ရာကျမှာပေါ့။
ဘာလဲ ဆိုတဲ့ အမေးသင်္ကေတပေါင်းများစွာနဲ့ မေးခွန်းပေါင်းများစွာ ‌မြိုသိပ်ခဲ့ပြီး ကလေးအဆင်ပြေဖို့ လမ်းကို ရွေးခဲ့ပေးမိတာဟာ
ထိုလူဆီပြန်သွားဖို့သက်သက် တုံးအပေးခဲ့မိတာလား မသဲကွဲတော့ပါ။

Create A Day with YouWhere stories live. Discover now