Day-6

359 53 4
                                    

Create A Day With You

ရေစက်ဆိုတဲ့အမျိုးက ခက်တော့ခက်သား...
Lim Yoona ဆိုတဲ့ကောင်မလေးနဲ့ သူမရဲ့ရေစက်ဟာ တစ်ရက်တာ နဲ့ပြီးဆုံးမသွားခဲ့..နောက်နေ့ မနက် မှာဘဲထိုကောင်မလေး သူမအိမ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်

မနက်စောစောစီးစီးအိမ်တံခါးခေါက်သံက အိပ်မက်ကမ္ဘာထဲသာယာနေသော သူမကို ဂုတ်ကနေဆွဲယူလိုက်သလို...

Pilot ဖြစ်တဲ့အဖေက အမြဲလိုလိုခရီးထွက်နေရသဖြင့် အခုလည်းအိမ်မှာမရှိသလိုအမေဖြစ်သူကလည်းသူ့ရဲ့သူငယ်ချင်းတွေနဲ့သွားတွေ့မည်ဟု မနေ့ညကတည်းကပြောထားသဖြင့် အိမ်မှာသူမတစ်ယောက်တည်းပင်...

ထို့ကြောင့် ဒီ တံခါးခေါက်နေတဲ့ကိစ္စကို သူမကလွဲဖြေရှင်းမယ့်သူမရှိဆိုတာ သိနေသည်။

တံခါးကိုဖွင့်လိုက်တော့ စူးကနဲဖြစ်သွားတဲ့နေရောင်ကြောင့် မျက်လုံးကိုမှိတ်ချကာ လက်နဲ့ကာလိုက်ရသည်။

"မုန့်လာပို့တာ အမ "

အသံကိုတော့ ကြားဖူးသလိုရှိနေသည် ဖြည်းဖြည်းချင်းဖွင့်လိုက်တဲ့ မျက်လွှာတွေကြား....

ကောင်မလေးတစ်ယောက်ကိုတွေ့လိုက်ရသည်။

"အင်း ကျေးဇူးဘဲ"

လက်ထဲက မုန့်ပန်းကန်ကိုဆွဲယူကာ တံခါးပြန်ပိတ်ပြီးအိပ်ဖို့ကြံပေမယ့် ထိုကလေးမကထိုသို့ခွင့်မပြုပေ...

"ရေ...ရေသောက်ချင်လို့ "

ဘုရားရေ သူ့အိမ်ကဖြင့် ခြေလှမ်းငါးလှမ်းတောင်မကွာတဲ့နေရာမှာကို...

ရှိစေတော့ ရှိစေတော့...လက်ထဲက ပူပူနွေးနွေးတော့ပိုကီကြောင့်ရှိစေတော့....

အိမ်ထဲရောက်လာတော့ထိုကလေးမက ငြိမ်ငြိမ်မထိုင် သူမအခန်းဘက်ကို မျက်စောင်းထိုးနေသည်....

ရေခွက်ကို သူ့ရှေ့ချပေးလိုက်တော့ သူက တစ်ငုံယူသောက်သည်။

"အမ....ဟိုနေ့က အမ တို့အိမ်ဘက်ကိုကျော်လာမိတဲ့အတွက်တောင်းပန်ပါတယ်"

အရင်ဆုံးမျက်နှာချိုသွေးရမည်လေ...

အမ ဆိုတဲ့နာမ်စားက သူမအတွက် နည်းနည်းစိမ်းနေသလိုပင် မိသားစုထဲမှာသာမက ဆွေမျိုးတွေထဲမှာပါ အငယ်ဆုံးဖြစ်သည့်အတွက် အမဆိုတဲ့နာမ်စားကတော်တော်ကြီးအောင့်သီးအောင့်သက်နိုင်နေသည်

Create A Day with YouDove le storie prendono vita. Scoprilo ora