Day_5

352 56 6
                                    

ဒီရက်ပိုင်း အောင်စာရင်းကိစ္စတွေနဲ့ရော အလုပ်တွေရှုပ်နေလို့ ကျနော် အရမ်းကြာသွားပါတယ် ပြီးတော့ အရင်ကကိစ္စတွေကိုဘဲ အရင်ပြရမလား လက်ရှိကိုဘဲ အရင်ပြရမလားဆိုပြီးလည်းဝေခွဲမရဖြစ်နေလို့
ပိုကြာသွားပါတယ်..တောင်းပန်ပါတယ်ဗျ

•••••
Create A Day With You

အိပ်ယာကနိုးလာတော့ လူကနည်းနည်းလန်းနေသည် နာရီကြည့်တော့ မနက်ရှစ်နာရီခွဲ.

အောက်ကိုဆင်းလာတော့ အိမ်က ခြောက်ကပ်နေသည်အရင်ကတည်းကတစ်ယောက်တည်းနေလို့ခြောက်ကပ်နေတာမထူးဆန်းပေမယ့် အခုက တခြားလူတွေပါရှိနေသည်မလား

မီးဖိုထဲဝင်လာတော့ မီးဖိုဘေးက နံရံက စာရွက်တစ်ခု.

:တို့မင်းအတွက် ဆန်ပြုတ်ပြုတ်ပေးထားခဲ့တယ် တို့ကိုမကြည်ပေမယ့်လည်း ဆန်ပြုတ်နဲ့ဆိုင်တာမဟုတ်လို့ သောက်လိုက်ပါ:

ဆန်ပြုတ်အိုးကိုဖွင့်လိုက်တော့ အနည်းငယ်နွေးနေတဲ့အိုးအပူကြောင့်ထိုမိန်းမထွက်သွားတာ သိပ်မကြာသေးမှန်း မှန်းဆမိသည်.

အလုပ်ကိုတော့ ဒီနေ့တစ်ရက်ခွင့်တိုင်ထားသဖြင့် ဒီနေ့တော့ နားရပေမည်.

ပါးစပ်ထဲရောက်လာတဲ့ဆန်ပြုတ်အရသာကို သူမကောင်းကောင်းကြီးမှတ်မိနေသည်။

ဘာလို့ဒီဆန်ပြုတ်ကိုစားနေမိပါလိမ့်...

•••••

"Jung sooyeon နင်ရူးများနေလား ဘာကိစ္စ အဲ့အိမ်ကိုငှားဖို့လက်ခံလိုက်ရတာလဲ"

သူငယ်ချင်းဖြစ်သူ Choi Sooyoungဟာ အသံမြှင့်၍ အော်ပြောနေသော်လည်း သူမကတော့ကော်ဖီသောက်မပျက်ပေ။

"ငါကတော့ ဒါက ရေစက်လို့ထင်တယ်။ငါနဲ့သူနဲ့ကိုပြန်နီးစပ်စေမယ့် ဒုတိယမြောက်ရေစက်လေ။ဒါက ငါ့ကို ဘုရားသခင်စွန့်ကြဲလိုက်တဲ့ ကံကောင်းမှုလို့ဘဲ မြင်တယ်"

"Lim Yoona က နင့်အတွက် ကံကောင်းမှုဆိုတာသေချာလို့လား"

သူမတို့နှစ်ယောက်မျက်လုံးချင်းဆုံသွားမိသည်။

ပုံရိပ်တွေထဲ အိပ်မက်အကြီးကြီးလွယ်ထားတဲ့ကောင်မလေးတစ်ယောက်ကိုပြန်မြင်ယောင်လာသည်။

Create A Day with YouOù les histoires vivent. Découvrez maintenant