အခန်း ( ၁၀ )

Começar do início
                                    

မနက်ဖြန်..... မနက်ဖြန် မနက်ဆိုလျှင် ကေသာ ဟံသာဝတီ နန်းတော်ထဲသို့ ဝင်ရောက်တော့မည်။ ချစ်သော အမောင်.... အမောင်စောသံမုံနှင့် အတူတူ ရှိနေနိုင်ဖို့ ကြိုးစားရပေမည်။ ကေသာ့အမိမှာ မီးတွင်းထဲမှာပင် ဆုံးသွားနှင့်ပြီး၊ ကျန်ရှိနေသည့် သံယောဇဉ် တွယ်စရာ အဖမှာလည်း ကေသာကလေးဘဝကတည်းကပင် အမိရှိရာကို လိုက်သွားခဲ့သည် မဟုတ်ပါလား။ အဖခေါင်းချသွားခဲ့သည့် ဒီအိမ်ကလေးကို ကေသာ ချစ်ပါသည်၊ လွမ်းနေမှာလည်း သေချာသည်။



ပန်းရနံ့ပေါင်းစုံတို့ မွှေးပျံ့နေသော ခြံဝန်းကလေးကို ရွာလူကြီးဆီမှာ အပ်ထာခဲ့ပြီး၊ရွာထဲမှ အလုပ်အကိုင် ရှားပါးသောပြီး ဆင်းရဲနွမ်းပါးသူတို့ကို ပန်းရောင်းချခွင့်ပေးခဲ့မိသည်။ ပန်းရောင်းရငွေထဲမှ ကေသာ့အတွက် တစ်ပြားတစ်ချပ်မှ အမြတ်အစွန်း မယူတော့ဘဲနှင့်၊ ရရှိလာသော အမြတ်ထဲမှ ၃ဖို့ ၁ဖို့ကို မော်ဓောစေတီ၏ ဝေယျာဝစ္စအတွက် အသုံးပြုဖို့ လှူဒါန်းပေးဖို့လည်း ပြောခဲ့ပြီးပြီ။ အိမ်နီးနားဝန်းကျင်မှ ကလေးသူငယ်များနှင့် ဆွေမျိုးသားချင်းသဖွယ် စောင့်ရှောက်ပေးကြသည့် အရီးမွေ့မယ်အိတို့ လူတစ်သိုက်ကိုလည်း ကေသာ အမြဲသတိရနေမှာပင်။



မနက် အရုဏ်တက်သည်နှင့် တစ်သက်လုံး နေထိုင်လာခဲ့သည့် ဒီအိမ်ကလေးနှင့် ဒီရေမြေ၊ ဒီပတ်ဝန်းကျင်ကို ခွဲခွာသွားရတော့မည်..... ပြီးလျှင် အရှုပ်အထွေးမျာလှသည့် နန်းတော်ထဲမှာ နန်းတွင်းသူတစ်ယောက်အဖြစ် ဆက်လက်ရှင်သန်ရတော့မယ့် အတွေးတွေကြောင့် ထိုညက ကေသာ အိပ်မပျော်နိုင်ခဲ့ပါချေ။ အိပ်ရာထဲမှာ ဟိုသည်လူးလှိမ့်ရင်းဖြင့်သာ အချိန်တွေ တရွေ့ရွေ့ကုန်ဆုံးသွားခဲ့သည်။ ကေသာ့အခန်းအပြင်ဖက်၊ ဘုရားခန်းအရှေ့နားမှလည်း သက်ပြင်းချသံ ခပ်တိုးတိုးကို မကြာမကြာ ကြားနေရသည်။ အမောင် စေသံမုံလည်း အိပ်မပျော်ဘူး ထင်ပါသည်။


တဖြည်းဖြည်းနှင့် ရောင်နီလာပြီး လင်းကြက်တွန်တော့မည်။ အရင်ရက်တွေကတည်းက သိမ်းစရာ၊ ယူဆောင်စရာ ပစ္စည်းတွေ ထုတ်ပိုးထားပြီး ဖြစ်သဖြင့် ကေသာ့အနေနှင့် ထွေထွေထူးထူး လုပ်ဆောင်စရာ မရှိတော့ပါ။ နန်းတွင်းထဲကို ဝင်ရမှာမို့ အဒေါကုန်း မှာထာသည့်အတိုင်း ကသာတစ်ယောက် နန်းတွင်သူတစ်ယောက်ပမာ ဝတ်ဆင်ထုံးဖွဲ့နေမိသည်။ ကျေးတောသူ တစ်ယောက်ကဲ့သို့ ဝတ်ဆင်သွားလျှင် လူတွေ သတိထားမိကုန်ပြီး ပြဿနာတွေ ဖြစ်နိုင်သည်လေ။ နှုတ်ခမ်းဖူးဖူးမှာ အနီရောင် နှုတ်ခမ်းအဆီ ဆိုးအပြီးမှာတော့ နန်းတွင်းထဲ ယူဆောင်သွားမည့် ထန်းခေါက်ဖာငယ်လေးကို ပိုက်ရင်း ကေသာ အခန်းအပြင်သို့ ထွက်ခဲ့တော့သည်။


မွေ့ကေသာ / မွေ့ကေသာ [ Uni/Zawgyi]Onde histórias criam vida. Descubra agora