Announcement!

189 9 0
                                    

Unicode version... [ Zawgyi is below]

ရာမည တိုင်း၊ မွန်ပိုင်းသုံးရပ်မှာ........ ပုသိမ် ၃၂ မြို့၊ ဟံသာဝတီ ၃၂ မြို့၊ မုတ္တမ ၃၂ မြို့ ဆိုပြီး မွန် မြို့ပေါင်း " ၉၆ မြို့" ရှိပါတယ်။ သထုံ မြို့ ကတော့ 'သုဝဏ္ဏဘူမိ/ သုဓမ္ပဝတီ' ဆိုတဲ့ နာမည်တွေနဲ့ ထင်ရှားခဲ့တယ်။

သထုံမြို့တွင် အုပ်စိုးတဲ့ " သီဟရာဇာ မှသည်..... မနူဟာ" ဘုရင် အထိ မင်းဆက် ၅၉ ဆက် ရှိခဲ့ပြီး၊ သက္ကရာဇ် ၄၁၉ ခုနှစ်မှာ အနော်ရထာ ဘုရင်ကနေ စစ်နိုင်လို့ မနူဟာမင်းကို ပုဂံပြည် ခေါ်သွားတာကစပြီး 'ရာမည ဒေသ'ဟာ ပုဂံလက်အောက် ကျရောက် သွားလေတော့သည်။

သက္ကရာဇ် ၆၄၉ ခုနှစ်မှာ 'ဝါရီရူး' ဘွဲ့ခံ မွန်မင်း (မဂဒူး) က ပုဂံကို ပုန်စားပြီး မုတ္တမထီးနန်း တည်ထောင်ခဲ့တယ်။

သက္ကရာဇ် ၇၂၉ ခုနှစ်မှာ ဒုန်ဝန်းမြို့၌ ရှိနေစဉ် ဆင်ဖြူရှင် ဗညားဦး + မိဖုရား မွေ့ဒေါ တို့မှ ဗညားနွဲ့ (ဗညားငယ်) မင်းသားကို ဖွားမြင်သည်.....။

ဗညားနွဲ့မင်းသားသည် နောင်တွင် ဟံသါဝတီပြည့်ရှင် သုသျှင် "ရာဇာဓိရာဇ်"  ဖြစ်လာပါတယ်။
===========================

Author's Note::: { June's ficက ဗညားနွဲ့ မင်းသား ဖြစ်စဉ် အချိန် နဲ့ ဘုရင်ဖြစ်ပြီး နောက်ပိုင်း ကာလတွေမှာ ဖြစ်ပွားခဲ့တာပါ.....။ မွန်သမိုင်းကြောင်းလည်း ပြန်လေ့လာဖြစ်ရင်း၊ " ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း" နဲ့ 'နှင်းကေသရာ ချစ်တဲ့ သူရဲကောင်း' တို့ကို မကြာခဏ ပြန်ရှာဖတ်ဖြစ်ရင်း၊ ကိုးကားရင်း နဲ့........... ~~'''မွေ့ကေသာ'''~~ ကို ရေးပါသည်။

ကိုယ့် fic ကို ဖတ်ကြတဲ့အခါ အပျော်တမ်းပဲ ဖြစ်ဖြစ်၊ စိတ်ဝင်စားလို့ပဲ ဖြစ်ဖြစ်.... လာဖတ်ကြတဲ့သူ တစ်ယောက်စီတိုင်းကို ဗဟုသုတ၊ ရသ..... တစ်ခုခုတော့ ရသွားစေချင်တဲ့ စိတ်ကလေးနဲ့ ရေးပါတယ်။ မွန် သွေးမပါပေမယ့် မွန်သမိုင်းကြောင်းကို အရမ်းသဘောကျတဲ့သူမို့ ဒီ 'ဟံသာဝတီ - အင်းဝ ခေတ် နောက်ခံ ဇာတ်လမ်း' ကို ရွေးဖြစ်ပါတယ်.....။

အခန်း ၂ ကို(က၊ ခ) မခွဲဘဲ ရှည်ရှည်လေး ရေးနိုင်အောင် ကြိုးစားနေပါတယ်။ Updateကတော့ Juneအတွက် အရေးကြီးကိစ္စ မရှိသ၍ 3ရက်ကို ၁ခန်းး.... ပုံမှန် သွားနေမှာပါပဲ။ ကြားထဲမှာ စိတ်ကူးပေါက်ရင်လည်း bonus chaptersတို့၊ အခန်း ၁ခန်း ပိုတင်ဖြစ်တာတို့လည်း ဒီက... မတ်မတ်ရေးချင် တို့က လုပ်ကောင်း လုပ်ဖြစ်မှာပါ လို့ 😇။}

မွေ့ကေသာ / မွေ့ကေသာ [ Uni/Zawgyi]Where stories live. Discover now