~~ ဟံသာဝတီနန်းတွင်းက သွေးအေးတိုက်ပွဲ အစ? ? ~~
မိမိ ချစ်မြတ်နိုးမိရသော သူကို ခေတ္တခွဲခွာခဲ့ပြီး တာဝန်ဝတ္တရားတို့ ရှိရာဆီသို့ စောသံမုံ ပြန်လာခဲ့ပါသည်။ ပထမဆုံး အရှင့်သား ဗညားနွဲ့ကို သတင်းပို့ဖို့ ကြိုးစားရသည်။ မိမိ ဒဏ်ရာကြီးနဲ့ မွေ့ကေသာ့အိမ်မှာ သောင်တင်နေတဲ့ အချိန်တွေမှာ နန်းတွင်းမှာ ဘာတွေ အပြောင်းအလဲ ဖြစ်ကုန်သလဲ ဆိုတာလည်း စနည်းနာရသေးသည်.........။
နန်းမြို့ရိုး ကာကွယ်ရေးတပ်သား သွေးသောက် မင်းယောဇာနဲ့ အဆက်အသွယ်ပြန်ရတော့ အဆင်ပြေသွားခဲ့သည်။ အရှင့်သား အားသည့်အချိန်မှာ အခစားဝင်ပြီးနောက် ဒဏ်ရာကြောင့် မွေ့ကေသာတို့ အရပ်မှာ ပုန်းခိုခဲ့ရပုံတို့ကို အကျိုးအကြောင်းတို့ လျှောက်ထားမိသည်။
နန်းတွင်းမှာတော့ ရွှေနန်းရှင် ဗညားဦးက သမီးတော် တလမေဒေါနှင့် ခိုးပြေးသည့် သားတော်ကို စိတ်ဆိုးနေသော်လည်း ညီမတော် မဟာဒေဝီရဲ့ ဖြောင့်ဖြမှုနဲ့ '' ကလေးတွေကို မိမိ စံအိမ်တော်ဝင်းထဲမှာ စောင့်ရှောက်ထားပါ့မယ်'' ဆိုတဲ့ တာဝန်ယူမှုကြောင့် ကျေနပ်ပေးလိုက်ရသည်ပင်....။
အရီးတော် မဟာဒေဝီရဲ့ ကြည့်ရှုပေးမှုကြောင့် ဗညားနွဲ့ အရှင့်သားနဲ့ မင်းသမီးတို့သည် အရီးတော့် စံအိမ်ဝင်းထဲမှာပင် သီးသန့်နန်းဆောင်သစ်တစ်ခုဖြင့် နေကြရပါသည်။ ချက်ပြီးသား ထမင်းက ဆန် ပြန်မဖြစ်နိုင်မှတော့ ဘုရင် ဗညားဦးကလည်း သားတော် နဲ့ သမီးတော်ကို လက်ဆက်ပေးရတော့သည်......။
အရှင့်သားတို့ အိမ်ထောင်ရေး အဆင်ပြေသွားသဖြင့် စောသံမုံတို့ သွေးသောက်တပ်ဖွဲ့ တစ်သိုက်ခမျာမှာ ဝမ်းသာပီတိ ဖြစ်ကြရသည်။ အရှင့်သား မိန်းမခိုးပြေးချိန်မှာ နန်းတွင်းထဲ ပွက်လောရိုက်ခဲ့သဖြင့် စောသံမုံ ပျောက်သွားသည်ကို သတိထားမိသူ မရှိခဲ့ပေ။ ထို့ကြောင့် စောသံမုံတစ်ယောက် အရင်ကဲ့သိုပင် မြို့တံခါးစောင့် တပ်သားလေးအဖြစ် ပြန်လည် တာဝန်ထမ်းဆောင်နိုင်ခဲ့သည်.......။
အရာအားလုံး အေးချမ်းနေပြီ ထင်ရသော်လည်း တစ်ယောက်သောသူရဲ့ ရင်ထဲမှာတော့ မီးတောင်ပေါက်ကွဲသလို ပူလောင်ခံစားနေရတော့သည်။ ထိုသူကား ဘုရင့် သမက်တော် သမိန်မရူးး........။ မိမိ၏ မျက်နှာထား တင်းမာခက်နေသည်ကို ကြည့်ပြီး ကြင်ရာတော် တလမေသီရိ မင်းသမီးနဲ့ အနီးအနားဝန်းကျင်က နန်းတွင်း အစေခံတွေ၊ သမက်တော်ရဲ့ ဂိုဏ်းဖက်ပါသည့် အမတ်တွေကတော့ အရှင့်သား ဗညားနွဲ့ အာဏာရသွားမှာ စိုးရိမ်နေတာဟုသာ ထင်နေကြသည်။
YOU ARE READING
မွေ့ကေသာ / ေမြ႔ေကသာ [ Uni/Zawgyi]
Historical Fictionသာမန် ကျေးတောသူ ပန်းသည်မလေး ဘဝမှသည် မရည်ရွယ်ပါဘဲ စစ်သူကြီး လဂွန်းအိမ်၏ ကတော်မယား အဖြစ် ရောက်ခဲ့ရသော မွေ့ကေသာ @ မေနှင်းကေသရာ အကြောင်းးး ကိုယ်အရမ်းကြိုက်တဲ့ စာရေးဆရာကြီး ချစ်ဦးညိုရဲ့ 'နှင်းကေသရာ ချစ်တဲ့ သူရဲကောင်း' စာအုပ်နဲ့ ဆရာကြီး နိုင်ပန်းလှ ရဲ့ "ရ...