"ငါရှင်းပြမယ်နော် song ဒီပလိပ်ဒေသအကြောင်း"
"ဟုတ်ပြီ"
"'ရွာမှာပလိပ်၊မြို့မှာပုဂံ'တဲ့ ပလိပ်ဒေသက ပုဂံခေတ်ကတည်းက ရှိခဥပတာ။ ရှေးဘုရားအဆူဆူလည်း ပေါများပေမယ့် သက်ဆိုင်ရာအလှူရှင်တွေကိုတော့ ရှာလို့မရနိုင်အောင်ပျက်စီးနေတာတွေလည်းရှိတယ်။ ပလိပ်မှာ အနော်ရထာမင်းနဲ့မိဖုရားစောမွန်လှတို့အကြောင်းဖြစ်တဲ့ 'ပေလိပ်နားဋောင်းရာဇဝင်'လည်း ရှိတယ်၊ ပြီးတော့ 'ပလိပ်'ဆိုတာ ရှမ်းဘာသာ'ပါလိစ်'ကနေ ဆင်းလာတာ။ ပလိပ်ဒေက ရှမ်းပြည်နယ်နဲ့မြန်မာပြည်အလယ်ပိုင်း ကူးသန်းရောင်းဝယ်တဲ့ ဒေသဖြစ်ခဲ့ပုံပဲ။ ရှမ်းဘာသာစကား'ပါလိစ်'ကနေ 'ပလိပ်'လို့ပြောင်းလာတာ။ ဒီဘုရားက ဘုရားနီလေ။ ပုဂံခေတ်လက်ရာလို့ ခန့်မှန်းကျပေမယ့် ပုံစံက မင်းကွန်းက ပုထိုးတော်ကြီးနဲ့တူတာမို့ အမရပူရခေတ်လက်ရာလို့သတ်မှတ်လိုက်ကျတယ်။ လှူဒါန်းခဲ့တဲ့ အလှူရှင်နာမည်တွေနဲ့ သက္ကရာဇ်တွေကိုတော့ အတိအကျမသိဘူး။ အခြားရှေးဟောင်းဘုရားတွေလည်း သိပ်မသိကျဘူး"
"ဪ "
"ဒါနဲ့ ပင်းယအကြောင်းကို ဒီမှာရှင်းပြမယ်။ မိုးတွေအရမ်းရွာမှာစိုးတော့ အမြန်ဓာတ်ပုံရိုက်ပြီးပြန်ရအောင်လို့်"
"ဟုတ်ပြီ"
"ပင်းယကို တစ်စီးရှင်သီဟသူက သက္ကရာဇ် ၆၇၄ခုနှစ်မှာတည်ခဲ့တာ။ ပင်းယကိုတည်ဖို့ မြေရှင်းလင်းတဲ့အချိန် မြေကြီးထဲက ပန်းခိုင်လေးရခဲ့တာမို့ 'ပန်းရ'လို့ခေါ်ခဲ့တာ။ နောက်ပိုင်းတော့ စကားအပြောင်းအလဲကြောင့် ပန်းရကနေ ပင်းယဖြစ်လာတာပဲ။အဲ့မှာ ထူးဆန်းတာက သီဟသူက မြို့တည်ပြီး နန်းဖွင့်ရတာ ဘယ်လိုဖွင့်ရလဲဆိုတာ မသိလို့ ပုဂံက မိဖုရားဖွားစောကို ပင့်ပြီး မိဖုရားဖွားစောအကူအညီနဲ့ နန်းဖွင့်ရတာတဲ့"
"ဖြစ်တတ်ပါတယ်"
"အံမယ် ဖြစ်တတ်ပါတယ်တဲ့။ ငါတို့သွားမှာက ရှေးမူမပျက်တဲ့ ပင်းယကဂူသုံးလုံးကိုသွားမှာ။ ဂူတွေကတော့ ပိတ်ထားတယ်။ တောင်ဘက်ဆူံးဂူရဲ့ အထဲမှာ ပင်းယလက်ရာဆင်းတုတော်တွေ၊ နံရံဆေးရေးတွေ ရှိတာမို့ မင်းလေ့လာချင်ရင်အပြင်ကနေ လေ့လာလို့ရတယ်။ သက္ကရာဇ် ၆၇၄မှာ သီဟသူက ဂူတည်ခဲ့တာမို့ အဲ့ဂူက တောင်ဘက်ဆုံးဂူဖြစ်မယ်လို့ယူဆကြတယ်။ ပြီးတော့ သက္ကရာဇ် ၇၀၂မှာ ဥဇနာမင်းကြီးက ဂူကြီးတစ်လုံးတည်ခဲ့ပေမယ့် ဘယ်ဂူလဲ မပြောနိုင်သေးဘူး။ မင်းလေ့လာချင်ရင်တော့ ခုခရီးဆက်စို့"