"အရမ်းအရသာ ရှိလွန်းလှတဲ့ အစားအစာတွေကိုစားရ
လို့ မောင်မင်းကို ရွှေတစ်လှည်းနဲ့ ကျောက်စိမ်းအိုးတွေ
လက်ဆောင်အဖြစ်ပေးအပ်စေ''

ဝိုး...ခေါက်ဆွဲပြုတ် နဲ့ တော့ပိုကီ တစ်ဘူးတန်ဖိုးသည်
အဲ့လောက်မတန်တာသိပင်မဲ့ မင်းကြီးပေးသည်မို့ မငြင်းပါ.

"ကျေးဇူးကြီး လှကြောင်းပါ မင်းကြီး''

ဒီတခါတော့ တကယ်စိတ်ထဲက ကျေးဇူးတင်ခြင်းဖြစ်
သည်.သူနေတဲ့ခေတ်ပြန်ရောက်လို့ကတော့ ထိုလက်
ဆောင်တွေကို ရောင်းပြီး ဇိမ်ခံပစ္စည်းတွေ အပြည့်ဝယ်
ပြီးနေမည်ဟု စိတ်ကူးထားသည်.

"မင်းကြီး..အနောက်နိုင်ငံက သံအမတ်က တွေ့ခွင့်
တောင်းနေပါတယ်''

ထိုခေတ်က ဂျိုဆွန်းသည် အင်အားကြီးနိုင်ငံဖြစ်သော်လဲ
အနောက်နိုင်ငံက ခေတ်မီလက်နက်များကို မမှီသေး.
ထိုသံအမတ်နှင့် နိုင်ငံရေးကိစ္စဆွေးနွေးထားသော်လဲ
ဘာသာစကားမတူသော ကြောင့်ပြသနာ အနည်းငယ်
ရှိသည်.ထို့ပင် အမတ်တွေရဲ့ စည်းရုံးမှုကြောင့် ထိုနိုင်
ငံရေးသံအမတ်သည် နိုင်ငံရေး ကတောက်ကစဖြစ်
အောင်လုပ်ချင်နေပုံပေါ်သည်.
ထိုကိစ္စသာ မအောင်မြင်လျှင် မင်းကြီး yoongi သည်
ထီးနန်းဆင်းပေး ရမှာ ဖြစ်ပြီး နယ်နှင်ဒဏ်ခံထားရ
သော yoongi ၏ အကိုယ်တော် သည် အမတ်များနှင့်
မယ်တော်ကြီး အင်အားကြောင့် အိမ်ရှေ့စံ jeon Jungkook ကို ကျော်၍ မင်းကြီး ဖြစ်မည်မှာ အမှန်
ပင်...
(နိုင်ငံရေးအကြောင်းနဲ့ ရှေးခေတ်အသုံး အနှုန်းများကို
သေချာမသိတဲ့အတွက် စိတ်ကူးယဉ်ဝတ္တုတစ်ပုဒ်လိုသာ
ဖတ်ပေးကြပါ..အားနည်းချက်တွေအတွက် တောင်းပန်
ပါတယ်.သာသာ သေချာမသိလို့ပါ)

"အစည်းအဝေးခန်းမမှာ စောင့်ဆိုင်းခိုင်းလိုက်ပါ အ
ထိန်းတော် sin''

"စိုးရွံ့ပင်မဲ့ နိုင်ငံရေးသံအမတ်က... ''

ကိုယ်လုပ်တော် sin ရဲ့ စကားမဆုံးသေးခင် အခန်းထဲ
သို့ဝင်လာသော သံအမတ်ကြောင့် အကုန်မတ်တပ်ရပ်
လိုက်ကြသည်.
ထိုအခြေအနေကို နားမလည်သော seokjin သည်လဲ
ကြောင်အမ်းကာ မတ်တပ်ရပ်လိုက်သည်.
လေထုသည် ရုတ်တရက် စိမ်းသွားသလို ထိုသံအမတ်
သည် yoongi ရဲ့ မျက်နှာ ချင်းဆိုင်တွင်ဝင်ထိုင်လိုက်
သည်.ဘေးမှ ဘာသာပြန်လည်း ထိုအနောက်နိုင်ငံသား
ဘေးတွင် ထိုင်လိုက်သည်.

Stranger From Hell { complete }Where stories live. Discover now