"အွန်း . . အခုမှပဲစိတ်ထဲလန်း"

"ဂျီဂျီလေး"

"အဲ့ . . . လန်း . . လန်း . ."

ခြံရှေ့မှ ထွက်ပေါ်လာသည့် ခပ်စူးစူးအသံတစ်ခုကြောင့် ယခုမှ ကြည်လင်လာမယောင်ရှိသော ဂျီမင်း၏ စိတ်ကလေးဟာ ခဏချင်းပင် ပြန်လည်နောက်ကျ်ိလို့ သွားတော့လေသည်။

"ဂျီဂျီလေးလို့ . . ခေါ်နေတာမကြားဘူးလား"

တဂျီဂျီခေါ်ပြီး တံခါးအတည်အကျမရှိသည့် ခြံထဲ အတင်း ပိုင်စိုးပိုင်နင်း ဝင်ရောက်လာ သူမှာ တခြားမဟုတ်။

သူနှင့် ငယ်စဥ်ကတည်းက နို့လုစို့ဖော်စို့ဖက်၊ တစ်ယောက်တည်းရှိသော ငယ်ကျွမ်းဆွေ သူငယ်ချင်းလေး၊

တစ်နည်း သူ့ကိုချစ်လှပါချည်ရဲ့ဆိုပြီး
အဲ့ ..မဟုတ်သေးဘူး . . ၊ သူ့အစ်ကိုကို ချစ်လှပါချည်ရဲ့ဆိုပြီး အတင်းအနားမှာ တောက်တဲ့လို လိုက်ကပ်နေတတ်တဲ့
စော်ကြည်ဘဲကြည် ဂျောင်ဟိုဆော့။

"ဘာတုန်း . . "

တမင် ဆောင့်ကြီးအောင့်ကြီးနိုင်သည့် အသံဖြင့် ထူးလိုက်ကာမှ အားယားနေသော လက်တစ်ဖက်ဟာ ဂျီမင်း ပုခုံးပေါ်သို့ ဘက်ခနဲ။

"သွား . . လာမဖက်နဲ့"

အတင်းဖယ်ချသော်လည်းကျ မလာပဲ ပိုပြီးတောင် တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သေးသည်။

"ဂျီဂျီလေးက ကိုယ့်ယောက်ဖကို စိတ်ကောက်နေတာလား"

"ချီးကို ယောက်ဖလား"

နှာတစ်ချက်မှုတ်ကာ ကျိန်ဆဲလိုက်တော့ ဂျောင်ဟိုဆော့ဟာ နှုတ်ခမ်းလေးဆူပြီး မူယာမာယာ စများလေပြီ။

"ဟွန့် . . . ဒီက စောစောထပြီးတောင် ထွက်လာတာကိုနော်၊ သူတစ်ယောက်ထဲ တောင်ပေါ်သွားရမှာ တစ်ယောက်တည်း စိတ်မချလို့ လိုက်ခဲ့မလို့ဟာ"

"မလိုက်နဲ့ တစ်ယောက်ထဲသွားမယ်"

ယောက်ဖတော်၏လက်မှ အတင်းထွက်လာပြီး အိမ်ခေါင်းရင်းရှိ တံစက်မြိတ်အောက်မှာ
ညကတည်းက ထောင်ထားသည့် နှင်းဆီအဖြူတစ်စည်းအား သွားယူလိုက်သည်။

ညက မိုးကြောင့်လားပင်မသိ။ နှင်းဆီတွေဟာ ပိုပြီး လတ်လတ်ဆတ်ဆတ်ရှိနေသည်။

PETRICHOR || VMINWhere stories live. Discover now