Episode 22 ( ဇာတ်သိမ်းပိုင်း)

3K 122 17
                                    

Unicode

         အပြစ်ပေးခြင်း

"ဆူဖစစ် မင်းမိဘတွေကို ငါ့အဖေက တွေ့ချင်လို့ စီစဉ်ပေးပါလို့ ပြောတယ်
ဘာအကြောင့်ကြောင့်လဲတော့ ငါမသိဘူး အရေးကြီးပုံတော့ရတယ်"

"မင်းအဖေက ငါ့မိဘတွေကို တွေ့ချင်နေတယ်ဆိုတော့ အကြောင်းရင်း တစ်ခုတော့ ရှိရမယ် "

"ငါ့ကို Pho ကပြောတယ် သူအဲ့စကားတွေသာ ပြောပီးရင် ဘဝမှာနေရတာ သေပျော်ပါပီတဲ့"

"..."

"ငါ ဒီညနေ မင်းအိမ်လိုက်ခဲ့ချင်တယ် လာခေါ်ပေးပါလား"

"မင်းရုံးတက်နေရတယ်မလား ကုမ္ပဏီ ကိုပဲ လာခေါ်ရမှာလား"

"အင်း"

"တော်ကြာ ယောက်ျားက သူ့မိန်းမကို လာခေါ်တယ်လို့ ထင်ကုန်ရင်ရော"

"ငါ ရည်းစားမရှိတာ အားလုံးသိတယ် မင်းမိန်းမလဲမလုပ်ဘူး"

"လွန်ခဲ့တဲ့ သုံးနှစ်ထဲက မင်းက ငါ့မိန်းမ ဖြစ်ပြီးသားလေ"

"မင်းနဲ့ နမ်းရုံပဲ နမ်းခဲ့တာလေ ဘာမှမဘာခဲ့ဘူး စိတ်ကူးယဥ်မနေနဲ့"

"မင်းက ဘာချင်တယ်ပေါ့ အာ့ဆို ခု"

"တော်စမ်း စောင်ရူး နှာဘူးကောင် မင်းအဲ့တာပဲ တွေးနေတယ် မင်းစိတ်က အားနေ အဲ့တာပဲ ငါ့ကိုလာခေါ် ဒါပဲ"

"မင်းတောင် တော်တော်ဆဲတတ်လာပီ"

"မင်းကိုဆဲဖို့ သုံးနှစ်နီးပါး မြိုသိပ်ခဲ့ရတာ တော်ပီ ငါ အလုပ်လုပ်တော့မယ်"

"အင်းအင်း အာ့ဆို ဒါပဲ မွ"

မင်းဟာလေ သုံးနှစ်ကြီးသွားတယ် ပိုကလေးဆန်လာသလိုပဲ
အရင်ကမလုပ်ဖူးတဲ့ အလုပ်တွေလဲ လုပ်လာတယ်
ငါတို့နှစ်ယောက်လုံးပြောင်းလဲ လာတာပါလေ
မင်းက ငါ့ကြောင့် အနုအရွလေးတေွလုပ်တတ်လာသလို
ငါက မင်းကြောင့် ဆဲတတ်လာတယ် ဟဟဟ
ဒီကောင်နဲ့ ဝေးပီးနောက်ပိုင်းမှ စိတ်တိုတတ်လာတယ် ဒေါသထွက်တတ်လာတယ် ကိစ္စတစ်ခုကို စိတ်မရှည်တတ်တော့ဘူး နောက်ဆုံး ဆဲတတ်လာတယ်ပေါ့လေ

_._._._._._.__
"ငါရောက်နေပီ ထွက်ခဲ့တော့"

"ခဏစောင့် လာခဲ့မယ်"

HATE to LOVE  Unicode + Zawgyi  Where stories live. Discover now