Episode 9

2.2K 128 9
                                    

Unicode
                   အချစ်ဦး❤️

မနက်ခင်းလေးက သိပ်သာယာတာပဲ
မျက်လုံးစုံဖွင့်လိုက်ထဲက ကိုယ်ချစ်ရတဲ့ သူကို မြင်နေရတဲ့ ဒီမနက်ခင်းမျိုး မလှပဲနေပါ့မလား

မင်းမျက်နှာလေးက အ​ပြစ်ကင်းစင်လွန်းတယ်
ငါသာ သူငယ်ချင်းထက် ပိုနေတဲ့ ခံစားချက်မျိုး ဖြစ်နေတာ မင်းသိရင်တော့ ငါ့ကို စိတ်ဆိုးသွားလောက်မှာပေါ့

"ဟူးအိပ်လို့ကောင်းလိုက်တာ ဟာ မင်းနိုးနေပြီလား"

"အင်း"
ကုတင်ပေါ်က ကောင်လေးနှစ်ယောက်တို့ မျက်လုံးချင်းဆုံလျှက်

Gulf တစ်ယောက် ရှက်ရှက်နဲ့ ထထိုင်လိုက်တယ်

"မင်း အိမ်မက်မက်ဖူးလား"

"မက်ဖူးတာပေါ့ကွ လူပဲကို မမက်ဖူးဘဲရှိမလား" ခပ်စွာစွာလေး Gulf လှမ်း ပြောလိုက်တယ်

"အိမ်မက်ထဲမှာ ကိုယ်စွဲလမ်းတဲ့သူကို မက်တတ်တယ်ဆို" Mew က အိပ်ရာပေါ်က မထဘဲ ပြောနေလေရဲ့

"ဟုတ်မှာပေါ့ကွ မသိဘူး
မင်းဒီနေ့ ကျောင်းတက်မှာမလား ငါအမေက ငါ့ကို တက်ခိုင်းမှာမဟုတ်ဘူး မနက်ဖြန်လဲ ကျောင်းပိတ်ရက်ဆိုတော့ "

"မင်းမတက်ဘူးလား ငါလွမ်းနေတော့မှာပဲ"

"မင်း ခုတလော ဆေးစားမှားသွားတာလား ဒါမှမဟုတ် ခေါင်းရိုက်ခံထားရတာလား နောက်ကနေ ချောင်းရိုက်တာလေ ဝှီးဆိုပီး"
ကနာဝပ်တစ်ယောက်က​တော့ အမူအရာလေးနဲ့ လှုပ်စိလှုပ်စိလုပ်ပြနေလေရဲ့

အသည်းယားလာလို့ ထင်ပါရဲ့ Mew တစ်ယောက် နောက်ကနေ သိုင်းဖက်လိုက်တယ်

"ဟာ မင်းတကယ် ဘာဖြစ်နေတာလဲ ရုတ်တရက်ကြီး အဲ့လိုပြောင်းလဲမှုကြီးက ငါယုံရပါ့မလား မင်းငါ့ဆီက လိုချင်တာရှိလို့ ဟန်ဆောင်နေတာလား ပီးတော့ မင်းလက်ကြီး ဖယ်ပေး ပီးရင် ရေသွားချိုးတော့ မင်းကျောင်းသွားရအုံးမှာလေ"

"မင်းကြားဖူးလား လူတစ်ယောက်ကို ချစ်မိရင် အလိုလို နူးညံ့ လာတတ်တယ်ဆိုတာလေ
ကဲကဲ ငါသွားရေချိုးပီနော်"

HATE to LOVE  Unicode + Zawgyi  Where stories live. Discover now