Episode 18

1.6K 112 11
                                    

Unicode

ကျွန်တော်မလိုချင်သော

ကျွန်တော်ဘဝဟာ Mae နိုးလာပီးနောက်ပိုင်း ပိုပီးပြောင်းလဲလာခဲ့တယ်

ကျွန်တော့်ကို Gulf နဲ့ အပေါင်းအသင်း ဆက်မလုပ်ဖို့တောင်းဆိုလာတယ်

အဆိုးဆုံးက ကျောင်းပီးရင် တက္ကသိုလ်ကို နိုင်ငံခြားမှာ ထားမယ်ဆိုတာနဲ့ ပြန်လာရင်  jessica နဲ့ လက်ထပ်ပေးမယ် ဆိုတာပါပဲ

Mae တို့ ဆန္ဒကို ကလန်ကဆန် လုပ်ရင် ကျောင်းပြောင်းပြစ်မယ်ဆိုတာလဲ ပါပါသေးတယ်

ဘာတွေဖြစ်ခဲ့တာလဲ ကျွန်တော်မသိပေမယ့် ကျွန်တော့်ကို gulf နဲ့ အဆက်အသွယ် ဖြတ်တောက်ခိုင်းသည်ကတော့ စဉ်းစားမရအောင် ဖြစ်နေမိသည်

ဆရာ  Mild နှင့် ဆွေးနွေးပြီးကတည်းက အခြေအနေတွေ ပြောင်းပြန်လှန်ခဲ့သည်

အရင်က ကျွန်တော့ စိတ်တိုင်းကျ ဖြစ်ခဲ့သမျှ Mae က ဒီတစ်ခါတော့ သူ့စိတ်တိုင်းကျ လုပ်ပေးဖို့ တောင်းဆိုနေခဲ့သည်

ဖြစ်ရပ်အားလုံး၏ အကြောင်းအရင်းမှန်ကို သိနိုင်သော တစ်ခုတည်းသော အရင်းမြစ်ရှိရာသို့ စုံစမ်းထောက်လှမ်း ရပေတော့မည်

"ဆရာ Mild ကျွန်တော် ဆူဖစစ်ပါ မေးစရာလေးရှိလို့ပါ
Mae ဘာအကြောင်းကြားပီး မေ့လဲတဲ့ထိ ဖြစ်သွားရတာလဲ"

"ဆရာ တောင်းပန်ပါတယ် အဲ့လောက်ထိ ဖြစ်သွားမယ်မထင်ခဲ့ဘူး
ကိစ္စတွေ အားလုံးက ဆရာ့တူကြောင့် ဖြစ်ရတာပါ
သူပြောလိုက်တဲ့ ကိစ္စကြောင့်မင်းအမေ မူးလဲသွားတာ"

"ဘာကိစ္စလဲ ဆရာMild"

~~ငါနဲ့ Gulfသဘောကျနေတဲ့ ကိစ္စများလား~~

"မင်း စိတ်အေးအေးထားနော်
လွန်ခဲ့တဲ့ ငါးနှစ်က မင်းအန်ကယ်လေး ဆုံးတာ Gulf အဖေ ကုမ္ပဏီ ကြောင့်တဲ့
စွပ်စွဲခဲ့တဲ့ သူဌေးက Gulf အဖေကိုယ်တိုင်ပဲ"

"ဗျာ"

လှည့်စားတတ်တဲ့ လောကကြီးက သိပ်ကြောက်ဖို့ ကောင်းတာပဲဗျာ

ကျွန်တော် သိပ်ချစ်ရတဲ့သူရဲ့ အဖေကမှ ကျွန်တော့် မိသားစုဝင် တစ်ဦးကို စကားလက်နက်နဲ့ သတ်ခဲ့တယ်ဆိုပဲ

HATE to LOVE  Unicode + Zawgyi  जहाँ कहानियाँ रहती हैं। अभी खोजें