Episode 21

1.9K 123 6
                                    

  Unicode
    ပြေလည်မှုရဲ့အစ

"ဟင် ဒါ ဘယ်နေရာလဲ ခေါင်းကလဲ ကိုက်လိုက်တာ "

"မင်းအတွက် Lemon Tea ညက အမူးလွန်ပီး ခေါင်းကိုက်နေပီမလား"

"မင်းကဘယ်လိုလုပ်
အာ့ဆို ညက မင်းအစစ်ပေါ့"

သွားပါပီ ငါတော့ ဒီကောင့်ရှေ့မှာမှ စကားမှားတွေပြောမိကုန်ပီ

"ပြန်တော့မယ်"

"ခဏလေး နေပါအုံး
ငါပြောစရာလေး..."

"ဟိုနေ့ထဲက မင်းကို ပြောပြီးပြီလေ ပြောစရာမရှိဘူးလို့ ပြီးတော့ appointment ယူပီးပြောလို့"

"ငါးမိနစ်တည်းပါ ငါပြောပီးလို့မှ မင်း အဆင်မပြေသေးရင် ထွက်သွားလိုက်ပါ"

"အေး ငါးမိနစ်ပဲနော်"

ကျွန်တော့်ရဲ့ သူ့အပေါ် အလျှော့ပေးချင်စိတ်က အရင်ကလိုပါပဲ မပြောင်းလဲ နိုင်သေးဘူး
ဒီ တစ်ခါတော့ နှလုံးသား မပါဖို့ ကြိုးစားရမှာပါပဲ

"ငါအဲ့တုန်းက မင်းကို မပြောမဆို ထားသွားခဲ့တာ တောင်းပန်ပါတယ်"

"တစ်မိနစ်"

"ငါထားခဲ့တာတွေက အကြောင်းရင်းရှိလို့ပါ"

"နှစ်မိနစ်"

"Gulf ရွဲ့မနေပါနဲ့ "

"သုံးမိနစ်"

"ဒါတွေအားလုံးက မင်းအဖေကြောင့်"

"ဘာကိစ္စ ငါ့အဖေကို ဆွဲထည့်နေရတာလဲ"

"ငါ့ဦးလေးသေသွားတာ မင်းအဖေကြောင့်"

"မဖြစ်နိုင်တာတွေ လျှောက်မပြောနဲ့"

"ငါ့ဦးလေး အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီက မင်းအဖေ ကုမ္ပဏီပဲ
ငါ့ဦးလေး မတရား စွပ်စွဲ ခံရတာ"

"အာ့ဆို မင်းဦးလေးကြောင့် ငါတို့ ဘဝပျက်မတတ် ဖြစ်ခဲ့တာရော"

"ငါ့ဦးလေးက အဲ့ကိစ္စကို သူမလုပ်ခဲ့ဘူး ဆိုတာ ငါ့အမေကို ပြောပြတယ်
ပြီးတော့ တကယ် လုပ်ခဲ့တာက သူ့သူငယ်ချင်း မန်နေဂျာတဲ့ သူမဟုတ်ဘူးတဲ့ "

"ဒါနဲ့ အဲ့ကိစ္စက ငါ့ကို ထားခဲ့တာနဲ့ ဘာဆိုင်လို့လဲ"

"အဲ့ကိစ္စကြားပီး အမေ ရှော့ခ် အကြီးကြီးရခဲ့လို့
မင်းနဲ့ အဆက်အသွယ်ဖြတ်ခိုင်းတယ်"

HATE to LOVE  Unicode + Zawgyi  Место, где живут истории. Откройте их для себя