Episode 17

1.6K 117 12
                                    

Unicode
         တရားခံရှာတွေ့ခြင်း

"Mae အဲ့တာဘယ်သူလဲ ကျွန်တော့်ကို အဲ့လို လုပ်ခဲ့တာ ဘယ်သူလဲ"

"သား အဲ့ Account ပိုင်ရှင်က ဆရာ Mild တဲ့
အမေတို့ အဲ့ကိစ္စအတွက် သူနဲ့ဆွေးနွေးကြမှာ
သား စိတ်သက်သာရင် အိမ်ပြန်လာခဲ့နော် စိတ်ညစ်နေတုန်းဆိုရင် သားသူငယ်ချင်းအိမ်မှာ နေလိုက်အုံး
Mae တို့အတွက် သားပျော်ရွှင်ဖို့က အရေးကြီးဆုံးပါ"

_._._._._._._
"Mew တရားခံ သိရပီလား"

"အင်း ဆရာ Mild တဲ့
ဆရာနဲ့ ငါ့ကြားမှာ ရန်ငြိုးတွေလဲမရှိရပါဘူး
ငါ့ကို ဘာလို့ အဲ့လောက် ရက်စက်ရတာလဲ "

"ငါ Kaow ကို မေးကြည့်ရမလား
သူ့ ဦးလေးလေ ဆရာ Mild က"

"Mae တို့က ဆွေးနွေးမယ်ပြောခဲ့တယ် မမေးပါနဲ့ gulf ရယ်"

_._._._._._._

"ကျွန်တော် ဒီကိစ္စကို မလုပ်ခဲ့ပါဘူး ကျွန်တော် စည်းကမ်းကြီးတာသာရှိတာပါ ခလေးတွေ နစ်နာအောင် အဲ့လို မလုပ်ပါဘူး
ဒီကိစ္စ သိခဲ့ရင်တောင် ကျွန်တော် ဆူဖစစ်နဲ့ တိုက်ရိုက် မေးမှာပါ ခုလို မလုပ်ပါဘူး"

"ဒါမယ့် admin ထဲမှာ ဆရာ Mild လဲပါတယ်လေ တင်တဲ့ account ကလဲ ဆရာ့ account ဖြစ်နေတာ "

"ကျွန်တော် အဲ့ video ကို တွေ့တွေ့ချင်း post ဖျက်ခဲ့တာပါ
အဲ့နေ့ညက ကျွန်တော် နေမကောင်းလို့ line ပေါ် မတက်နိုင်ဘူး"

"ဒီကိစ္စက ကျွန်တော်တို့ image ကို ထိခိုက်စေတာ ဆရာ Mild သိမှာပါ
ကလေးအနေနဲ့ ခုဆိုရင် ဆရာ Mild တင်လိုက်တာကြောင့် စိတ်ဒုက္ခပေးမိသလိုဖြစ်နေပီ
မကြာခင် လဝက် စာမေးပွဲလဲဖြေရတော့မှာ
ကျွန်တော်တို့ ဘက်ကတော့ တာဝန်ယူပေးစေချင်တယ်"

"ကျွန်တော် ခလေးအတွက် စိတ်မကောင်းပါဘူး
ဒီကိစ္စရဲ့ တရားခံအစစ်ကို ဖော်ထုတ်ပေးမှာပါ
ဆူဖစစ် ဆိုးပေမယ့် ခုတလော လိမ္မာလာတာ ကျွန်တော်သိပါတယ်
တရားခံအစစ်ကို ရှာမတွေ့ခင်ထိတော့ ကျွန်တော်တောင်းပန်ပါတယ်"

"ဘယ်လိုပဲဖြစ်နေပါစေ ကလေးတစ်ယောက် ရည်းစားထားခဲ့တာကို page မှာ တင်တယ်ဆိုတာကတော့ သိပ်စိတ်ထိခိုက်တယ်ရှင်
ဒီအရွယ် ရည်းစားထားတာက သဘာဝပါ
ကျောင်းစည်းကမ်းအရ ချိန်းမတွေ့ရဘူးဆိုတာ ကျွန်မတို့ နားလည်ပါတယ်
ဒါပေမယ့်လေ ဒါကိုသိရင် စည်းကမ်းထိန်းသိမ်းရေးနဲ့ ထိန်းကျပ်ပေးရင် ရပါရက်နဲ့ ဒီလို public သိအောင် ချပြတာတော့ ကျွန်မတို့ သားလေးအဖို့ လွန်လွန်းရာကျပါတယ်ရှင်
မိန်းကလေးက ကျွန်မ သူငယ်ချင်းသမီးပါ
လူကြီးချင်းလဲ ခင်ကြတယ် ရည်ရွယ်ထားပီးသားပါ သားလေးကငယ်တုန်းမို့ သူတို့ကို မပေးစားသေးတာပါရှင်
ကျွန်မကတော့ နောက်ဆုံးမရရင် သိက္ခာကိုပြန်ဆယ်ရမှာပဲ"

HATE to LOVE  Unicode + Zawgyi  Tempat cerita menjadi hidup. Temukan sekarang