_ixv_

26.6K 2.6K 226
                                    

[_Zawgyi_]

"ဟင်းးးမ်​"

ကျ​နော်​နိုးလာ​တော့သူကညကအတိုင်းကျ​နော့်​ရင်​ခွင်​ထဲမှာ..
ကျ​နော့်​ခါးကိုတင်း​နေ​အောင်​ဖက်​ပြီးအိပ်​​နေတာက​လေး​လေးအတိုင်းပင်​..
ဒီလိုအမြဲတမ်းဖျား​နေရင်​​တောင်​​ကောင်းဦးမယ်​...
သူ​ကောင်း​​နေတဲ့အချိန်​​တွေဆိုကျ​နော့်​မှာ​နေ့ဘဲအလုပ်​ခံရမလား..ညဘဲအလုပ်​ခံရမလား..ရင်​တမမနဲ့လန့်​​နေရတာ...

သူ့မျက်​နှာကိုကျ​နော့်​လက်​​တွေနဲ့စမ်းကြည့်​လိုက်​​တော့ကိုယ်​​တွေကပူ​နေတုန်းပင်​...
ဟုတ်​သား..မ​နေ့ညက​ဆေးမှမ​သောက်​ခိုင်းလိုက်​ရဘဲ...

အမှတ်​တမဲ့ပွင့်​​နေတဲ့အခန်းတံခါးကိုTae Hyungမြင်​သွားသည်​....အခန်းတံခါးကအရင်​ကလို​သော့မခတ်​ထား..
Jung Kook​မေ့​နေတာဖြစ်​မည်​...

အိပ်​​နေတဲ့Jung Kookရဲ့မျက်​နှာကိုသူတစ်​ချက်​ပြန်​ကြည့်​လိုက်​သည်​...

ဒီအချိန်​ကသူထွက်​​ပြေးမယ်​ဆိုအ​ကောင်းဆုံးအချိန်​...

ကျ​နော်​ထွက်​​ပြေးရမလား?....

ဟင့်​အင်​...မဖြစ်​​သေးဘူး...သူဖျား​နေတယ်​...
ကျ​နော်​ထွက်​​ပြေးသွားရင်​သူတစ်​​ယောက်​တည်းအဆင်​​ပြေမှာမဟုတ်​ဘူး...

"ဟင်းးးးမ်​"

သက်​ပြင်းတစ်​ချက်​ချမိပြန်​သည်​...
ခါး​ပေါ်တင်​ထားတဲ့သူ့လက်​ကို​ဖြေး​ဖြေးချင်းဖယ်​ချလိုက်​ပြီးကုတင်​​ပေါ်ကဆင်းလာလိုက်​တယ်​....

ဟိုတစ်​​နေ့ကဝယ်​ထားတဲ့ဟာ​တွေကျန်​​ရောကျန်​​သေးရဲ့လားမသိဘူး...သူဘယ်​နားမှာထားတာလဲလည်းကျ​နော်​မသိပြန်​....​ခြေသံလုံလုံဖြင့်​တစ်​ခန်းဝင်​တစ်​ခန်းထွက်​​လျှောက်​​နေရာက​နေမီးဖို​ချောင်​ကို​တွေ့​လေပြီ...

ဝင်​လာလိုက်​​တော့ gas မီးဖို​ဘေး​တွင်​​ခေါက်​ဆွဲဗူး​​တွေနဲ့ဆန်​​တွေကအထုပ်​လိုက်​...

တစ်​​ယောက်​ထဲသမားဆို​တော့ကျ​နော်​ကချက်​တက်​ပြုတ်​တက်​တယ်​​လေ...ရှိ​တဲ့ပစ္စည်း​တွေနဲ့ပဲသူ​ရောကျ​နော်​​ရောအတွက်​ဆန်​ပြုတ်​​ကောင်း​ကောင်း​လေးပြုတ်​လိုက်​တယ်​...

INSISTENT//KV[COMPLETED]Where stories live. Discover now