_viii_

30.2K 2.9K 359
                                    

[_Zawgyi_]

"Hyg!"

ပျာတိပျာယာဖြစ်​​နေ​သောTae hyungရဲ့မျက်​နှာအမူအရာ..

"ဘာဖြစ်​တာလဲTaeရဲ့...hygကိုမြင်​တာသရဲ​တွေ့တာကျ​နေ​ရော....ဘာလဲအိပ်​​ရေးမဝလို့​ကြောင်​​တောင်​​တောင်​ဖြစ်​​နေတာလား.."

Tae hyungဘာမှပြန်​မ​ပြောမိပဲ​ကြောင်​​တောင်​​တောင်
သာရပ်​​နေရင်း​ဇော​ချွေး​တွေပြန်​​နေမိသည်​....

"Tae.....!..​နေမ​ကောင်းဘူးလား?"

Seok JinကTae hyungရဲ့နှဖူးအားလက်​​လေးဖြင့်
စမ်းကြည့်​လိုက်​သည်​...

"​နေလည်း​ကောင်းပါတယ်​....."

Tae hyungလည်းသူ့ကိုသူသတိပြန်​ကပ်​ရင်း....

"အာ.....Tae ​နေ​ကောင်းပါတယ်​...hygကမနက်​အ​စောကြီး​ရောက်​လာလို့အံ့သြ​နေတာ...ဟီးး"

ညှပ်​ရိုးနားကအကွက်​​တွေကိုSeok Jinမမြင်​​စေရန်
မသိမသာဖုံး​ရင်း​ဖြေလိုက်​သည်​...

"ဟုတ်​ပါပြီ....ဒါဆိုလည်းမနက်​စာစားကြမယ်​​လေ...မုန့်​​တွေ​အေးကုန်​​တော့မယ်​..."

"​သြော်​....ဟုတ်​သားပဲ...."

Seok Jinလည်းTae hyungကိုပြန်​ရီပြရင်း
တိုက်​ခန်းထဲဝင်​လာလိုက်​​တော့အခန်းဝကဖိနပ်​စင်​မှာ
တင်​ထားတဲ့တစ်​ခါမှမမြင်​ဖူး​သော shoe အနက်​​ရောင်
ကြောင့်​စိတ်​ထဲကသိက​အောက်​ဖြစ်​သွားသည်​....

ဖိနပ်​စင်းအားစိုက်​ကြည့်​​နေ​သောSeok Jinကိုကြည့်​ပြီးTae hyungလိပ်​ပြာလွင့်​ချင်​​နေပြီ.....
အာရုံ​ပြောင်းတဲ့အ​နေဖြင့်​Seok Jinလက်​ထဲက
မုန့်​ထုပ်​​တွေကိုယူလိုက်​ကာ.....

"ကျ​နော်​hygအတွက်​ပါပြင်​လိုက်​မယ်​​နော်​...."

"ဒါဘယ်​သူ့ဖိနပ်​လဲTae?"

Tae hyungမျက်​နှာလုံးဝဖြူ​ဖျော့သွားသည်​....အလျင်​အမြန်​ ဥာဏ်​နီဥာဏ်​နက်​​ပေါင်းစုံစဉ်းစားပြီး....

"အာ....အဲ့ဒါက...ကျ​နော်​ဝယ်​....."

"Hyg!.....ထသွားတာကျ​နော့်​ကို​တောင်​မနှိုးဘူး..."

အသံလာသည့်​ဘက်​ကိုSeok Jinလှည့်​ကြည့်​မိ​တော့
Tae hyungရဲ့အိပ်​ခန်းထဲကထွက်​လာတဲ့အမည်​မသိ
အမျိုးသား......

INSISTENT//KV[COMPLETED]Unde poveștirile trăiesc. Descoperă acum