💝Play Boy💝"ဟင်"
အိပ်ယာကနိုးနိုးချင်း ဘေးကိုစမ်းကြည့်တော့ အေးစက်နေသည့်မွေ့ယာကြောင့် ကိုကိုမရှိတော့ဘူးဆိုတာသိလိုက်ရသည်။
အံ့အိပ်ယာက ချက်ချင်းထထိုင်မိသည်။
မျက်နှာတောင်မသစ်နိုင်ဘဲအောက်ကိုတဝုန်းဝုန်းပြေးဆင်းခဲ့သည်။"ဟဲ့……ဟဲ့……ဘာဖြစ်လာတာလဲ မိုးပြိုလို့လား"
"မေမေ……ဖေဖေ ကိုကိုရောဟင်
ကိုကို……ကိုကိုဘယ်ရောက်သွားတာလဲ အခန်းထဲမှာမရှိဘူး""သူ့အိမ်ပြန်သွားပြီလေ"
"ဒါကိုစောစောကပြောပါလားလို့"
"မင်းက အခုမှမေးတာလေ"
ဖေဖေနဲ့မေမေစကားကို နားထောင်မနေနိုင်။
အံ့မျက်နှာခြင်းဆိုင်ကအိမ်ကိုသာပြေးလာခဲ့သည်။
ဒီအိမ်ရောက်တော့လဲခုနကလိုပါပဲ။
ယောက္ခထီးနဲ့ယောက္ခမက ပြူးကြည့်နေကြသည်။"အံ့လေး"
"အန်တီ ကိုကိုရော"
"သားအခန်းထဲမှာလေ"
"ဒါဆိုကျနော်သွားလိုက်အုံးမယ်"
သားအခန်းသွားမယ်ဆိုသောအခါ ယောက္ခထီးက မျက်ထောင့်နီနဲ့လှမ်းကြည့်သည်။
မတက်နိုင်။ သွားလေးဖြီးပြကာ ကိုကို့အခန်းသာတက်လာခဲ့သည်။"ကိုကို"
အခန်းထဲဝင်ဝင်ချင်း အသံနဲ့အတူ လူကပါပြေးဖက်ထားလိုက်သည်။
"ဘာဖြစ်လာတာလဲ ဘာလို့လာဖတ်နေတာလဲ
ဖယ်စမ်း""ခဏလေးပါကိုကိုရယ်
ကျနော်ကကိုကိုထားသွားပြီထင်နေတာ""အရူးကောင်ရဲ့ဖယ်စမ်းပါ
အသက်တောင်ရှူလို့မရတော့ဘူး"ထိုအခါမှ အံ့လွှတ်ပေးလိုက်သည်။
ကိုကိုကရှက်မျက်နှာရဲရဲနှင့်မျက်စောင်းထိုးသည်။
အလိုက်ကမ်းဆိုးမသိအခန်းထဲဝင်လာတဲ့ အံ့ကမျက်စိရှေ့အခြေအနေကိုမသိသေး။"ထွက်သွားလေ ဘာရပ်လုပ်နေတာလဲ"
"ကိုကို့အနားနေမလို့လေ"
"မမြင်ဘူးလား ငါ့ပုံစံကို"
"အမ်……sorry"
ရေချိုးပြီးစမို့ အောက်ပိုင်းတဘက်တစ်ထည်သာပတ်ထားသည့်ကိုကို သူ့ရင်ဘတ်ကို လက်တွေနဲ့ယှက်ထားသည်။
မွှန်ထူလာတာနဲ့ဘာဆိုဘာမှမမြင်မိတာအမှန်ပါ။
အရင်ကလိုဆို ကိုကိုရှက်မှာမဟုတ်ပေမဲ့ အခုကမတူတာမို့ အံ့နားလည်ပါသည်။