Part 8

7.5K 665 5
                                    


💝Play Boy💝

အံ့ မွေးနေ့ပြီးနောက်ပိုင်း အရင်ကထက်အပြင်မှာအနေများလာသည်။
စာမေးပွဲပြီးကတည်းက အိမ်သိပ်မပြန်ဖြစ်။
သူငယ်ချင်းတွေအိမ်လိုက်နေသည်။
ညဆို clubသွားမူးရူးနေတက်သည်။
မိဘတွေက ခေါ်လဲအံ့အရေးမလုပ်။
အိမ်ပြန်ရင် ကိုကို့ကိုသွားပြီ ပြသနာရှာမိမှာလဲစိုးသည်။
ကိုယ့်စိတ်ကို အံ့သိနေတာမို့ အတက်နိုင်ဆုံးထိန်းချူပ်နေရသည်
ဇွဲညီကတော့ အိမ်ပြန်ဖို့ခဏခဏတိုက်တွန်းသည်။
မနေနိုင်ရင်လဲ ကိုကို့ကိုဖွင့်ပြောလိုက်တဲ့လေ။
အံ့မှပြောမထွက်တာ။ချစ်သူအဖြစ်လက်ခံပေးဖို့ပြောနိုင်ပေမဲ့ ချစ်တယ်ဆိုတာကို အံ့မပြောချင်။

"အံ့ ဒီမှာသတင်းကိုကြည့်လိုက်အုံး"

ဇွဲညီကသူ့ဖုန်းကို အံ့စီပစ်ပေးသည်။
အံ့စိတ်ပျက်စွာပဲ ကြည့်လိုက်ရသည်။

"အဟက် တကယ်လက်ထပ်မယ်ပေါ့လေ"

"ဘာဆက်လုပ်မှာလဲ အံ့
ဒီတိုင်းဆို မင်းကိုကိုက အဲ့ဘဲနဲ့သေချာပေါက်ညားတော့မှာ"

"ဘယ်ဗေဒင်ဆရာကဟောတာလဲ"

"ငနာလာမဲ့ 30ရက်လက်ထပ်မယ်ဆိုတာကြီးမြင်နေတာတောင် ဗေဒင်ဆရာကလိုသေးလို့လား"

"အဲ့လက်ထပ်ပွဲကသတို့သားပြောင်းရင်ပြောင်းသွားနိုင်တာပဲလေကွာ"

"မင်းဘာလုပ်ဖို့စိတ်ကူးနေတာလဲ"

"အထွေအထူးမဟုတ်ပါဘူးကွာ
လက်ထပ်ပွဲမတိုင်ခင် ကိုကို့ကိုအပိုင်သိမ်းယုံပဲ"

"ရူးနေလား ချစ်တယ်မပြောဘဲ အပိုင်ကြံလို့ ဟိုကထိုးလွှတ်မှာပေါ့ လဒကောင်ရဲ့"

"ငါအပိုင်သိမ်းမယ်ပြောတာမဟုတ်ဘူး
သူကိုယ်တိုင်လိုလိုလားလား ငါ့ကိုပေးအောင်လုပ်မှာ"

"ဟျောင့် မင်းဥပဒေဘောင်အတွင်းကပဲလုပ်နော်"

"ငါ့များ လူမိုက်ထင်နေတာလား"

"မင်းစိတ်ကပြောရတာမဟုတ်ဘူးလေ
တော်ကြာ သူ့ပိုင်လျှမ်းက မင်းကိုမုန်းသွားမှဖြင့်"

"သူကိုငါပိုင်ဆိုင်ရပြီးမှ မုန်းလဲမုန်းပေါ့
ဂရုမစိုက်ဘူး အခုတော့ ငါမင်းကိုအကူအညီတောင်းရအုံးမယ်"

Play Boy(Completed)Where stories live. Discover now