Part 10

8.3K 675 7
                                    


💝Play Boy💝

ကိုကိုကအံ့မမျှော်လင့်ထားသော စကားကိုပြောလာသည်။

"နေနွယ်လွမ်းကိုလက်ထပ်ပါ"တဲ့လေ။
အံ့နှလုံးသားကိုမမြင်ဘဲ တခြားသူကိုလက်ထပ်ခိုင်းနေတာ မလွန်ဘူးလာ ကိုကိုရယ်။

အရမ်းကိုခက်ခဲနေပြီကိုကို။
ကျနော်ကလဲ ချစ်တာကိုထုတ်ဖော်မပြချင်ဘူး။
ကိုကိုကလဲ နှလုံးသားကိုမြင်အောင် မကြည့်တက်ဘူး။
ဒီလိုနဲ့ ကိုကို့ကိုလက်လွှတ်ပြီး တခြားသူကို လက်တွဲဖို့ အထိလဲ ကျနော့်အသဲကမမာဘူး။

အကြောင်းအရင်းကိုသိချင်သည်မို့
မေးလိုက်သည်။

"ဘာဖြစ်လို့ သူနဲ့လက်ထပ်ဖို့ပြောတာလဲ"

"မင်းကိုချစ်တဲ့သူနဲ့အတူရှိစေချင်လို့
မင်းရဲ့ရည်းစားများတဲ့ စရိုက်ကိုပြင်စေချင်လို့"

"လက်ထပ်လိုက်တာနဲ့ ကျနော်ရည်းစားများတာကို
ရပ်ပစ်မယ်ထင်လို့လား နေနွယ်လွမ်းကရော ကျနော့်ကိုချူပ်ကိုင်နိုင်မယ်ထင်လို့လား"

"ဘာပဲဖြစ်ဖြစ် သူကမင်းကိုအရမ်းချစ်တဲ့သူမို့
သူ့အချစ်ကရောင်ပြန်ဟပ်မယ်လို့ ငါထင်တယ်"

"သူကျနော့်ကိုအရမ်းချစ်တာ ကျနော်ဘယ်လိုယုံပေးရမှာလဲ
ဘာလဲကိုကို မင်းထက်ကျော်ဆိုတဲ့လူက သူ့ညီမကိုလက်ထပ်ဖို့ကိုကို့ကိုပြောခိုင်းတာလား"

"ကိုမင်းထက်ကျော်က အဲ့လောက်ထိမတိုက်တွန်းပါဘူး ငါကနေနွယ်ကိုသနားလို့
ဘယ်သူမဆို ကိုယ်ချစ်တဲ့သူကို ပိုင်ဆိုင်ချင်ကြတာပဲအံ့ နေနွယ်လွမ်းက မင်းကိုအရမ်းချစ်လို့ သူ့အသက်သူတောင် မနှမြောဘဲသူ့ကိုယ်သူဒုက္ခရောက်အောင်လုပ်ခဲ့တာ"

"ကျနော့်ကိုချစ်တဲ့သူတွေ ဒုက္ခိတဖြစ်သွားတာနဲ့
ကျနော်ကလက်ထပ်ပေးရမှာလား အဟက်!ဒါဆိုရင်တော့ ကျနော့်မှာ တောင်ညာစံမိဖုရားတွေ မြောက်နန်းစံမိဖုရားတွေနဲ့ပုံနေတော့မှာပဲ ကိုကိုသိပါတယ် ကိုကိုတင်မဟုတ်ဘူး ကျနော်တွဲခဲ့ရည်းစားတိုင်း ကျနော့်အကြောင်းသိတယ် အပျော်တွဲမှန်းသိရက်နဲ့ သူတို့ကိုယ်တိုင်လက်ခံတာလေ ကျနော့်ဘက်က အတင်းတောင်းဆိုတာမဟုတ်ဘူး သူတို့ကို ကျနော်ဘာတစ်ခုမှ အရောင်စွန်းအောင်မလုပ်တာမို့ လက်ထပ်ဖို့ဆိုတာလဲ မဖြစ်နိုင်ဘူး
အခုနေနွယ်လွမ်း ဒုက္ခိတဖြစ်သွားတယ် ကိုကိုပြောချင်တာ ကျနော့်ကြောင့်ပေါ့ အဲ့ဒါကျနော့်ကြောင့်မဟုတ်ဘူးသူ့ဘာသူရူးမိုက်တာ"

Play Boy(Completed)Where stories live. Discover now