4

2.7K 410 27
                                    


"မဆိုးပါဘူး ဒီအိမ်လေးကို ကျတော်ယူမယ်
စာချုပ်ချုပ်ကြတာပေါ့ "

ပြတင်းပေါက်ကတဆင့်ဝင်ရောက်လာသော နေရောင်လေးတွေနဲလေပြေလေးတွေကို သူမျက်စိမှိတ်ကာ ခံစားမိလေတော့
သူစိတ်ကြည်လင်သွားစေတာများ။
ငှက်သံလေးတွေနဲ့လေတိုက်သံကလွဲရင် အတိ တိတ်ဆိတ်နေသောဒီလိုနေရာမျိုးကိုသူသဘောကျသည်။

အလိုမှန်းသိရင် သူစထဲက နယ်ဘက်မှာ
အိမ်တလုံးလာဝယ်ထားပါတယ်။
သူအကြာကြီးမနေဖြစ်ရင်တောင်
ရေးလက်စ
စာမူပြီးတဲ့အထိ ဒီအိမ်လေးမှာ နေလိုက်မယ်ဟုရည်ရွယ်ရင်းဝယ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တော့။

"ကျေးဇူးတင်ပါတယ် ဆရာရယ်
ကျတော်ဂုဏ်လဲယူတယ် ဆရာလိုလူမျိုးက ကျတော်အိမ်မှာ
ငှားနေပေးတဲ့အတွက် ကျတော်ကဆရာ fanပါ
ဆရာ ထွက်တဲ့စာအုပ်တိုင်းကိုမလွှတ်တမ်းဖတ်ဖြစ်တာ"

သူရဲ့ fanဖြစ်နေပုံရတဲ့ အိမ်ပိုင်ရှင်အမျိုးသားက
သူအကြောင်း အားလုံးနီးပါးသိနေတာမို့
သူထွေထွေထူးထူးပင် ပြောစရာမလိုခဲ့ ၊
သူပြုံးပြမိရင်း *ကျေးဇူးပါပဲ*ဟုသာပြန်ပြောမိခဲ့သည်။

စာချုပ်စာတမ်းကိစ္စတွေကို လုပ်အပြီးမှာတော့
အထွေအထူး
ပြင်ဆင်စရာမလိုတဲ့ ထိုအိမ်လေးကို ပြောင်းလာလိုရသွားနေပြီဖြစ်သည်။ သို့ပေမယ့်
သူအသန့်ကြိုက်တာကိုသိနေတဲ့
အိမ်ရှင်ဖြစ်သူက သူအတွက်သန့်ရှင်းရေးသမားတွေလည်းငှားပေးထားသလို နံရံကပ်စက္ကူတွေကအစ နေ့တွင်းခြင်း အသစ်ကပ်ပေးလာခဲ့လို
အတော်လေးအဆင်ပြေသည်။

a_ puccy  cat

ချောင်လေးမှာကုတ်ပြီးနေသော အကိုလတ်ဖြစ်သူ ဟိုဆော့အနား
ခုန်ဆွခုန်ဆွဖြင့် ဆော့ဂျင် သွားမိခဲ့သလို ။

*အကိုဆော့ ငိုနေတာလား*

*ဟင်းအင်း *

မဟုတ်ဘူးပြောနေသောရှဉ့်‌ေပါက်လေးက ၊
အမြဲတမ်းတက်ကြွနေတဲ့ အကိုလတ်က
အားငယ်‌ေနမှန်းသိသာလွန်းနေပါသည်။

*အဆင်ပြေသွားမှာပါ အကိုဆော့
အာ့လူသွားလဲ နောက်လူတွေလာမှာပါ
စိတ်မလျော့နဲ့နော် ကျတော်တို့အရင်လိုပြန်ဖြစ်မှာပါ*

အေ ပူချီကပ် ✅Complete  Where stories live. Discover now