4.1K 442 19
                                    

မြို့ထဲကဟိုတယ်မှာလည်းမတည်းချင်သလို သူငယ်ချင်းအိမ်မှာလည်း အကူအညီ မတောင်းချင်တာမို့  နယ်ဘက်၌ လပိုင်းစာလောက်ထိ ငှားနေရန်စုံစမ်းမိလိုက်တော့သညါ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မြို့ထဲကဟိုတယ်မှာလည်းမတည်းချင်သလို
သူငယ်ချင်းအိမ်မှာလည်း အကူအညီ မတောင်းချင်တာမို့  နယ်ဘက်၌ လပိုင်းစာလောက်ထိ
ငှားနေရန်စုံစမ်းမိလိုက်တော့သညါ။

ဘာလို့အိမ်မဝယ်လိုက်‌ေသးလဲမေးရင်
သူက သိပ်ကိုဇီဇာကြောင်လွန်းတာ
သူနေမယ့်အိမ်ကို သေ"ချာ " စိစပ်ပြီးမှ
၂၄နာရီပြည့်အောင် နေကြည့်ပြီးမှ ဝယ်သင့်မဝယ်သင့်ဆုံးဖြတ်ချက်ချတာ။

အခုအိမ်ဝယ်တုန်းကတောင် အိမ်အလုံး
ရာကျော်ကြည့်ပြီးတော့မှ သူနဲ့အဆင်ပြေမယ့်
အိမ်ကိုရွေးထားတာ။
ဒါကြောင့် အိမ်အကျိုးဆောင်တွေက သူကိုမြင်ရင်လန့်ကြသည်။
သူကအကြိုက်ရှားပေမယ့် ကြိုက်တဲ့အရာတွေ့ရင်လည်း ဈေးပိုလည်းပေးတက်ပါတယ်လေ။

သို့ပေမယ့် သူအကြိုက်က ရှားကိုရှားလွန်းပါသည်။

မြို့ပြနဲ့ဝေးသည့် နယ်မြို့လေးးး
သူနောက်ဆုံးငှားနေမည့် သူံးထပ်တိုက်လေးရှေ့ရောက်လေတော့ ည ၇:၀၀ပင်ရှိချေပြီ။

ကားပါကင်ထိုးပြီး တထုတ်ထဲသော ကျောပိုးအိတ်ကိုလွယ်ကာ တံခါးဖွင့်ထားတဲ့ ထိုတိုက်လေးထဲဝင်လာမိလေတော့ လူအရိပ်အယောင်ပင်မမြင်ရ။

တိတ်ဆိတ်တယ်။

အေးချမ်းတယ်။

မြို့ပြနဲ့မတူတဲ့ အနံ့အသက်တွေနဲ့
စိတ်ထဲ ကြည်လင်သွားစေတယ်။

စူးစမ်းချင်စိတ်ကို တိုးစေလာသလို
သူစာရေးဖို့ motiတွေ တိုးလာစေတယ်။

" Hello!! မဂ်လာပါ~~

သူအသံပြုနေပေမယ့် အခုထိ လူတယောက်မှမတွေ့ရသေး သို့ပေမယ့် မသဲမကွဲကြားနေရတဲ့အသံတချို့~~။

အေ ပူချီကပ် ✅Complete  Where stories live. Discover now