3.2K 418 28
                                    

တညလုံး စာတွေစိနေခဲ့ရင်းက

ညစာ‌တောင်ကောင်းကောင်းမစားမိခဲ့တော့
မနက်မိုးလင်းတာနဲ့ သူဗိုက်တွေအူလိမ့်နေအောင် ဆာနေမိတော့သည်။

" သေရော~~ ငါ ဘာမုန့်မှ မဝယ်ထားမိပါလား!!"

သူအိတ်ထဲမွှေနောက်ရင်း တခုထဲသော
Banana milk ဗူးလေးအား ဖောက်သောက်ကာ
အခန်းပြင်ထွက်လာလေတော့ သူအခန်းဝမှာထိုင်နေတဲ့ ကြောင်ဖြူလေး။

ဘယ်အချိန်ထဲကရောက်နေမှန်းမသိပေမယ့်
သူကိုတွေ့တာနဲ့
ပါးစပ်ထဲမှာကိုက်ချီထားတဲ့ မုန့်ထုတ်လေးကို သူခြေထောက်နားလာချပေးလာရင်း။

~~ meow meow ~~

" ဧကန္တ~~မင်းက ငါအတွက်
ငါအတွက်ယူလာပေးတာလား?"

သူမယုံကြည်နိုင်စွာဖြင့် ထိုကြောင်လေးအရှေ့ဒူးထောက်ထိုင်ချလိုက်လေတော့ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့သူကိုပြန်ကြည့်လာတဲ့ ကြောင်ဖြူလေးက
တမြောင်မြောင်ဖြင့်အော်ကာ လှေခါးအတိုင်းပြေးဆင်းသွားတော့သည်။

သူလည်းထိုမုန့်ထုတ်လေးကိုကိုင်ကာ ကြောင်ဖြူလေးနောက် လိုက်သွားမိလေတော့။


" ကောင်းသောနံနက်ခင်းပါ ~~
ညကကောင်းကောင်းအိပ်ပျော်ရဲ့လား?"

မနေ့ညကတွေ့တဲ့ပိုင်ရှင်ဖြစ်သူက သူကိုနှုတ်ဆက်လေတော့ သူခေါင်းသာငြိမ့်ပြရင်း
ဒီအနီးတဝိုက်မှာ စားသောက်ဆိုင်ကောင်းကောင်းရှိလား မေးမိလေတော့။

" ဒီမှာစားမလား? တခြားဧည့်သည်တွေလည်းမရှိဘူးလေ~~ ကျတော်လည်း တယောက်ထဲ
နံနက်စာစားရမှာပျင်းနေတာ!!"

" အာ့ ဟုတ်ကဲ့!! "

" ပါမုန့်စားမယ်မဟုတ်လား? ကျတော်ကိုယ်တိုင်ခုန‌ေလးတင်ဖုတ်ထားတာ!!"

သူကိုယူလာပေးတဲ့ပါမုန့်လေးကိုကြည့်တော့
ကြောင်ဖြူလေးယူလာပေးတဲ့ ပါမုန့်လေးနှင့်
တပုံစံထဲပင်။
ဒါကြောင့်ကြောင်ဖြူလေးက
နမ်ဂျွန်းဆီက ခိုးပြီးယူလာပေးတာလား?
ဒါမှမဟုတ် သူမုန့်ကို လာကျွေးတာလား?

အေ ပူချီကပ် ✅Complete  Where stories live. Discover now