စာစဉ် ၃၉ ( ၁၇ - ၂၅ )

En başından başla
                                    

ရီဝမ်ဝမ်သည် ရှဲ့ကျဲ့ကျီအား လုံးဝလျစ်လျူရှုထားလိုက်ပြီး
သူ နောက်ပြောင်နေသည်ဟုသာ သဘောထားကာ
တန်တန်နှင့် ဆက်လက်စားသောက်နေလေသည် ။

ရှဲ့ ကျဲ့ကျီက တဖက်စွန်းတွင် တင်ထားသည့် သောက်စရာအား လက်လှမ်း ယူလာသည် ။ ထိုချိန် မတော်တဆ ပုလင်းမှာ စောင်းသွားပြီး စီရီဟန်ပေါ်ကို
ဝိုင်တို့  ဖိတ်ကျသွား၏ ။

ရှဲ့ကျဲ့ကျီက အပြစ်မရှိသလို မျက်နှာဖြင့် ပြောဆိုလာသည် ။
"အာ..ကျွန်တော် မကောင်းတာပါ"

စီရီဟန်သည် သူ့ အကြည့်နှင့် တေ့ဆုံမိလိုက်သည်နှင့် ရှဲ့ကျဲ့ကျီက မျက်စိအချက်ပြလိုက်ရာ ။ ထို့ နောက် မတ်တပ်ထရပ်လိုက်ပြီး...
"ကိုယ် သန့် စင်ခန်းသွားလိုက်ဦးမယ်"

ရှဲ့ကျဲ့ကျီလည်း သူ့နောက်က လိုက်ထလိုက်ပြီး...
"ငါလည်း လိုက်မယ်"

သူတို့ နှစ်ယောက် သန့် စင်ခန်းဘက် သွားနေသည်ကို ကြည့်နေရင်း ရီဝမ်ဝမ်မှာ တူကို ကိုက်ထားမိနေလေပြီ ။

ငါ ဘာလို့  ရှဲ့ကျဲ့ကျီ တမင်သက်သက်လုပ်နေတာလို့  ထင်နေမိတာလဲ ။

သန့် စင်ခန်းထဲက လမ်းအဆုံးတွင် ပြတင်းပေါက်၌ ။

စီရီဟန်သည် သူ့မျက်နှာချင်းဆိုင်တွင် ရှိနေသည့် မကောင်းဆိုးဝါးဆန်ဆန်မျက်နှာဖြင့် ယောက်ကျာ်းအား စိတ်မရှည်လက်မရှည်ဟန်ဖြင့် ကြည့်လိုက်ရင်း...
"ကိစ္စရှိလို့လား"

ရှဲ့ကျဲ့ကျီက တိတ်တိတ်လေးသက်ပြင်းချလာသည် ။
"အရမ်းကို အေးလိုက်တာ...သားကြီး..မင်းကောင်မလေးကို ငါ ကျိတ်ချစ်နေတယ်လို့ တော့ မင်း တကယ်ကြီးမထင်နေပါဘူးနော်"

စီရီဟန်၏အကြည့်တို့မှာ အဆပေါင်းများစွာပင် ပိုလို့ အေးစက်လာ လေပြီ။

ရှဲ့ကျဲ့ကျီ ။ "ကျိတ်ချစ်ခြင်းချစ်ရင်ကွာ...မင်းကောင်မလေးက ငါ့ကို ကျိတ်ချစ်နေတာပဲဖြစ်မှာ၊ ငါ ပြောတာ မဟုတ်ဘူးလား"

ထိုသို့ ပြောလိုက်သည်နှင့် တစ်ယောက်သောသူ၏မျက်နှာမှာ ပိုလို့ပင် မျက်နှာပျက်ယွင်းလာပေပြီ ။

ရှဲ့ကျဲ့ကျီက လက်မြှောက်အရှုံးပေးသည့်ဟန်ဖြင့်
သူ့ လက်အား မြှောက်ပြလာကာ...
"အေးပါကွာ၊ အေးပါ ။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ငါ ကောင်းကောင်း မကိုင်တွယ်နိုင်ခဲ့မိဘူးဆိုတာကို ၀န်ခံပါတယ် ။ ဒါပေမယ့် အဲ့ဒီအတွက်က ငါ့ဆီမှာ ၃၀ ရာခိုင်နှုန်းပဲ တာဝန်ရှိတယ် ။ ကျန်တဲ့ ၇၀ ရာခိုင်နှုန်းက မင်းမိန်းမမှာ တာဝန်ရှိတယ် ။ မင်းသာ တကယ်ကြီး သေသွားလို့ ရှိရင် တော်သေးရဲ့ ။ မသေဘူးဆိုရင် ငါ့မှာ အဲ့ကောင်မလေး ချောက်ချတဲ့ဘ၀ထဲမှာ ဆက်နေသွားရတော့မှာလေကွာ။ ဒီတော့ ငါ့မှာ သူမကို ခေါ်သွားနိုင်ဖို့ အတွက်ဆို မင်း တကယ်သေမသေကို သေချာဖို့ လိုသေးတယ်လေ"

ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၎) ချိုမြိန်သော ဇနီးဆိုးလေး(အတွဲ၄)Hikayelerin yaşadığı yer. Şimdi keşfedin