"တိုးတိုးအော် ငါနားမကန်းဘူး"

"ကိုကို့ first kissမဟုတ်ဘူးဆိုတော့
အဲ့ဒီfirst kissဘယ်သူ့ကိုပေးလိုက်တာလဲ
ပြော အဲ့ကောင်နာမည်ပြောကိုကို"

"ပြောတော့ မင်းကဘာလုပ်မလို့လဲ"

"သတ်မလို့"

"ငါ့ကိုယ်ရေးကိုယ်တာ ငါပြောချင်မှပြောမှာပေါ့"

"မင်းထက်ကျော်ဆိုတဲ့လူလား
အဲ့ကောင် ကိုကို့ရည်းစားလား"

"အံ့မင်းအကျင့်က အဲ့အတိုင်းပဲလား
တစ်ခုခုဆိုသူများကိုပဲ စွတ်စွဲနေတယ်
စိတ်ပျက်ဖို့ကောင်းလိုက်တာကွာ"

"တောက် ကိုကိုခင်ဗျားဗျာ အဲ့လောက်လွယ်ရလား"

"ဘာ ငါကလွယ်တယ်ဟုတ်လား အံ့"

"တော်ပြီ ကိုကိုနဲ့ဆက်ပြောရင် ကျနော်ထပ်နမ်းမိလိမ့်မယ် သွားဆင်းတော့ ကားပေါ်က"

"မင်းငါ့ကို အစထဲကလာမကြိုသင့်ဘူးအံ့"

ပိုင်လဲ ဒေါသထွက်နေတာမို့ စကားအကောင်းမပြောချင်။ First kiss ကိစ္စလဲ အဲ့ကောင်ကိုပြောမပြချင်။ သူကမူးပြီးနမ်းခဲ့တာကို မေ့နေပြီလေ။ ဒါကိုပိုင်က တကူးတက ပြန်ပြောပြရမှာတဲ့လား။
ပိုင်ကားပေါ်ကဆင်းတာနဲ့ အံ့ပြိုင်ကားလေး ဒရကြမ်းမောင်းထွက်သွားသည်။
ပိုင်လဲ taxiငှားပြီးအိမ်ပြန်လာခဲ့သည်။
နေနိုင်ရင်နေစမ်းအံ့။
မင်းငါ့ကိုမတောင်းပန်သရွေ့ ငါမင်းကိုပြန်မခေါ်ဘူး။
❣️❣️

❤️13.1.2020❤️

အံ့နက်စောစောထကာ ရေချိုးပြီး အဝတ်စားလဲလိုက်သည်။
ခါတိုင်းနေ့တွေလို ဘောင်းဘီရှည်နဲ့ခပ်လန်းလန်းအကျီ င်္မဝတ်ဘဲ ယောပုဆိုးနဲ့ စတစ်အဖြူ လေးဝတ်လိုက်သည်။
ဒီနေ့က အံ့အသက်22နှစ်ပြည့်မွေးနေ့လေ။
မွေးနေ့မှာ ကိုကို့ကိုတခါထဲချော့ဖို့ဆုံးဖြတ်ထားလိုက်သည်။
First kissကိစ္စကြောင့် အံ့စိတ်ဆိုးပြီး ကိုကို့ကိုမခေါ်တာ 2ပတ်လောက်ကြာသွားသည်။
အံ့ကမခေါ်သလို ကိုကိုကလဲ အရေးပင်မလုပ်။
အိမ်ဘက်ကိုတောင် ယောင်လို့ပေါ်မလာပါ။
ဒီနေ့တော့ မွေးနေ့မို့စိတ်ထားကောင်းကောင်းထားပြီး ချော့ဖို့တွေးလိုက်တာပါ။
ကိုကိုလဲ အံ့မွေးနေ့ကိုသိနိုင်ကောင်းပါရဲ့။

Play Boy(Completed)Where stories live. Discover now