❤ ကိုကိုရဲ့ကလေးငယ် ၃၂ ❤

Start from the beginning
                                    

ဂျူးလေး လည်တိုင်ကိုနှုတ်ခမ်းတွေနဲ့ပွတ်ဆွဲကာ ခါးနားကလက်တွေက ဇိုင်း ရင်ဘတ်နဲ့ပို၍နီးကပ်အောင်ဆွဲကပ်ထားရင်းပြောနေသည် ။

ဇိုင်း ထိုသို့လုပ်နေပေမယ့် မျက်လုံးမဖွင့်နိုင်သေး ... ဒီရက်တွေမှာ ကလေးလေး နဲ့ ခရီးထွက်ရဖို့အတွက် ရှိသမျှအလုပ်တွေသိမ်းကျုံးလုပ်ထားရတာမို့ အရမ်းပင်ပန်းကာ အိပ်ချင်နေသေးသည် ။ သို့ပေမယ့် ဒီကလေးငယ် က သူ့အနားမရှိရင်တော့ ဇိုင်း ဘယ်လိုမှ အိပ်လို့ရမည်မဟုတ် ။

ဂျူးလေး သည် သူ့အားရေဘဝဲတစ်ကောင်လို လက်တွေကဖက်ထားပြီး ခြေထောက်တွေကခွရက်အနေအထားဖက်တွယ်ထားတဲ့ ဇိုင်း ကြောင့် ပျော်ရွင်သလို ဇိုင်း ချွဲနေတဲ့ပုံစံကြောင့် ကြည်နူးမိရပြန်သည် ။ ဘာကြောင့်ဆို ကိုကိုကြီး ဆိုတဲ့သူက ဒီလိုပုံစံကို ဂျူးလေး ကလွဲပြီး တခြားတစ်ယောက်ကို ဘယ်တော့မှ မပြုမှုတာကြောင့်လေ ။

" ကိုကိုကြီး အိပ်ချင်သေးလား "

" အင်း အရမ်းပဲ .... ဘာလို့လဲ ငယ် ဗိုက်ဆာလို့လား "

" မဆာပါဘူး .. ကိုကိုကြီး အိပ်ချင်ရင် အိပ်လေ .. ငယ် ဘယ်မှမသွားတော့ဘူး "

" လိမ်မာတယ် ပြွတ် .. အဲ့တာဆို ကိုယ်ခဏထပ်အိပ်မယ် ငယ် ဒီတိုင်းလေးပဲ ကိုယ့်အနားမှာနေ .. "

" ဟုတ် ... "

ဂျူးလေး ဂတိပေးပြီးသည်မှာ ဇိုင်း အိပ်နေရင်းတောင် ကျေနပ်ခြင်းတို့က နှုတ်ခမ်းမှာအပြုံးတစ်ပွင့်ဖြင့် ဖြစ်ပေါ်သည် ။

* ချစ်ပြီးရင်း ချစ်မိနေအောင် လုပ်နေတော့တာပဲကလေးလေးရယ် *

အသက်ရှုမှန်မှန်နဲ့အိပ်ပျော်သွားတဲ့ ဇိုင်း ဟာ သူ့လက်တွေ ခြေထောက်တွေကတော့ နည်းနည်းလေးတောင်းပြေလျှော့သွားခြင်းမရှိခဲ့ ။

" ချစ်တယ် .. "

ထိုသို့ရေရွတ်ကာ ဂျူးလေး ကိုယ်တိုင်လဲ အိပ်ပျော်အောင်ကြိုးစားလိုက်တော့သည် ။
.
.
.
.
.
နေ့လည်ရောက်သော် ...... ။

ဇိုင်း တို့ ပြန်နိုးလာတော့ နေ့လည်ပင်ရောက်နေခဲ့ပြီ ။ ဒါ့ပေမယ့် ဒီကျွန်းရဲ့ ရာသီဥတုက နေလို့ကောင်းသည် ။ ပင်လယ်နားနီးလို့ထင်တယ် ​နေ့လည်ရောက်လို့ပူပြင်းတဲ့နေမရှိပဲ အုံမှိုင်းမှိုင်းလေးနဲ့ တိုက်ခိုက်လာတဲ့လေက လတ်ဆတ်ကာသန့်ရှင်းသည် ။

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Where stories live. Discover now