❤ ကိုကိုရဲ့ကလေးငယ် ၁၄ ❤

75.8K 7.1K 424
                                    

Zawgyi.....

ထမင်းစားခန်း စားပွဲတွင် ဇိုင်း ရဲ့ ဘေးမှာဆူပုတ်ပုတ်နဲ့ထိုင်ရင်း နွားနို့ကို ​လေမှုတ်သောက်နေတဲ့ ဂျူးလေး ကို ဇိုင်း ကြည့်ကာ သဘောတွေကျနေသည် ။

လေမှုတ်တဲ့အချိန်တိုင်း နှုတ်ခမ်းဆူလာသည့်အပြင် ဇိုင်း ရဲ့အနမ်းကြောင့် ရောင်နေတဲ့နှုတ်ခမ်းလေး က ပိုပို၍ထော်လာပုံလေးသည် အရမ်းအသည်းယားဖို့ကောင်းတာမို့ စိုက်ကြည့်နေယုံနဲ့ ဇိုင်း မနက်စာအတွက် ဗိုက်ပြည့်သွားရသည် ။

ဂျူးလေး ကတော့ ဇိုင်း ကြည့်နေသည်ကိုမသိ .. ဂျူးလေး ဗိုက်ဆာနေတာကြောင့် အစားကိုပဲ အာရုံစိုက်နေသည် ။

ဂျူးလေး သည် မနက်စားနေရင် နှလုံးအောင့်လာတာကြောင့် မျက်နှာတစ်ချက်တွန့်သွားပြီး ညာဘက်လက်နဲ့ နှလုံးရှိရာဘက်ကိုဖြည်းဖြည်းလေးပွတ်နေသည် ။

ဇိုင်း သည် ဂျူးလေး ထိုသို့ဖြစ်နေတာကို တွေ့လိုက်သည်မှာစိတ်ပူကာ .... ။

" ဘာဖြစ်တာလဲ ... ရင်ဘတ်ကနာနေလို့လားဟင် ? "

" မ မဟုတ်ပါဘူး .... ဒီတိုင်း ယားလို့ ကုတ်လိုက်တာ "

ဂျူးလေး မေမေဆုံးသွားတည်းက တစ်စုံတစ်ယောက်က သူ့အတွက်စိုးရိမ်ပေးတယ်ဆိုတာ ဒါပထမဦးဆုံးအကြိမ်မို့ စိတ်ထဲနွေးထွေးသလိုဖြစ်သွားပေမယ့်လဲ ဂျူးလေးအတွက် က ဒီလိုနာကျင်ခြင်း က ရိုးနေပြီမို့ ကိုကိုကြီး ကိုစိတ်မပူစေချင်၍ ပြုံးကာ ညာပြောလိုက်သည် ။

" ဟုတ်လို့လား ... တနေရာရာ က နာနေတာမျိုးမဟုတ်ဘူးလား .. ? "

" မဟုတ်ပါဘူး .. သား အဆင်ပြေပါတယ် "

ဂျူးလေး ရဲ့ သား ဆိုတဲ့အသုံးအနှုန်းနဲ့ အဆင်ပြေပါတယ် ဆိုတဲ့စကားက ဇိုင်း ရဲ့မေးခွန်းအတွက်အဖြေဆိုပေမယ့် ထိုသို့ ပြောစကားမျိုးကို ဇိုင်း မကြိုက်ပေ ။

သို့ပေမယ့် ဂျူးလေး ကို အတင်းကြပ်မမေးချင်တော့တာကြောင့် လက်ခံလိုက်ရသည် ...။
.
.
.
ကျောင်းရောက်သော် ။

ဇိုင်း စိတ်ထင် ဂျူးလေး သည် ဒီနေ့ခါတိုင်းနဲ့မတူ တစ်ခုခုဖြစ်နေသလိုပင် .. မေးသော်လဲ ဘာမှမဖြစ်ဘူးလို့သာ ပြောတဲ့ ဒီကလေးလေး ဟာ မလိမ်ဖူးမှန်းသိသာသည် ။

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Where stories live. Discover now