❤ ကိုကိုရဲ့ကလေးငယ် ၁၉ ❤🌚

114K 7.1K 1.4K
                                    

ညအချိန်ရောက်သည့်အခါ ဂျူးလေး သည် အိပ်ယာထက်မှလူးလိမ့်စွာနိုးလာခဲ့သည် ။ ဂျူးလေး အိပ်ပျော်သွားသည်မှာ ဘယ်လောက်ပင်ကြာသွားလဲမသိ နိုးလာတဲ့အချိန် အပြင်ဘက်မှာပင် မှောင်ရီနေလေသည် ။

နိုးလာသည့်နှင့် ထုံးစံအတိုင်းခါးဆီမှ တင်းကြပ်စွာဖက်ထားတဲ့လက်တစ်စုံကြောင့် ဘေးတွင် ကိုကိုကြီး လဲ ဂျူးလေး နဲ့အတူအိပ်နေလေသည် ။

ဂျူးလေး သည် သူ့ဘေးမှာအိပ်ပျော်နေတဲ့ ကိုကိုကြီးရဲ့ခန့်ချောတဲ့ မျက်နှာကိုအချစ်တွေပြည့်နေတဲ့မျက်ဝန်းတွေနဲ့ကြည့်နေသည်

ဂျုးလေး သည် ကိုကိုကြီး နဲ့နေစဉ်တစ်လျှောက်သတိထားခဲ့မိသည်က ကိုကိုကြီး ဟာ သူနေ့စဉ်ပုံမှန်နေတဲ့ မျက်နှာထား စိတ်သဘောထားနဲ့ ဂျူးလေး နဲ့အတူနေတဲ့အချိန်မှာ ဖြစ်တည်လာတဲ့ပုံစံဟာ အမြဲတမ်းကွဲထွက်နေတတ်သည် ။

ဂျူးလေး နဲ့ဆိုရင် ကိုကိုကြီး ဟာ အမြဲတမ်းပြုံးရယ်နေပြီး နူးညံ့တဲ့စကားတွေသာပြောနေပေမယ့် တခြားလူတွေနဲ့ဆို ကမျက်နှာထားကအေးစက်ပြီး အမိန့်ဆန်ဆန်စကားလုံးမျိုးတွေသာပြောသည် ။

ကိုကိုကြီး သည် တခြားလူတွေအပေါ်ဒေါသထွက်ပြီးပေါက်ကွဲရင် ချက်ချင်းလက်ပါတတ်ပေမယ့် ဂျူးလေး ကြောင့်စိတ်ဆိုးတဲ့အချိန်တွေမှာ လက်ပါဖို့မဆိုသာနှင့် ဂျူးလေး ကို ခေါ်တဲ့နာမ်စားလေးအတိုင်း ငယ် ဆိုတဲ့ အသုံးအနှုန်းပင်မပြောင်းလဲ ။

အချစ်ဆိုတာ ကိုကိုကြီး ဟာ ဂျူးလေး အတွက်ဘယ်လိုစတင်ပေါက်ဖွားလာတယ်ဆိုတာမသိပေမယ့် ... ဂျူးလေး အတွက်တော့ အချစ်ဆိုတာ ကိုကိုကြီး ပဲ .... ကိုကိုကြီးဟာ ဂျူးလေး အတွက် အချစ်ဆိုတဲ့စကားလုံးအပြင် အားကိုးခြင်း လုံခြုံခြင်း နဲ့ မေတ္တာရိပ်တစ်ခု ဖြစ်လာခဲ့ပြီ ။

ဂျူးလေး သည် အိပ်ပျော်နေတဲ့ ဇိုင်း မျက်နှာကိုကြည့်နေတုန်း အိပ်ပျော်နေရင်းပင် မျက်မှောင်ကျုံ့နေတဲ့ ဇိုင်း ကြောင့် .... ။

* အိပ်နေရင်းတောင် ဘာတွေအလိုမကျဖြစ်နေတာလဲ ကိုကိုကြီးရယ် *

ဂျူးလေး ပြုံးရင်းနဲ့ ဇိုင်း မျက်ခုံးနားဆီလက်လှမ်းကာ မျက်ခုံးနှစ်ဖက်ကြား လက်မလေးနဲ့ဖွဖွလေးပွတ်ကာ ဖြေလျှော့ပေးသည် ။

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Where stories live. Discover now