❤ ကိုကိုရဲ့ကလေးငယ် ၁၀ ❤

89.3K 7.6K 845
                                    

" ကိုကိုကြီး "

ဇိုင်းသုတ သည် Company မှာလုပ်စရာရှိတာလုပ်ပြီး နေ့လည်စာစားချိန်ရောက်သည်နှင့် ကလေးလေး ကျောင်းမှာအတူတူစားဖို့အတွက် ရန်နိုင်နဲ့အတူထွက်လာခဲ့သည် ။

ဇိုင်း ကားကိုကျောင်းထဲဝင်လာသည်နှင့်ကျောင်းသူကျောင်းသားတွေရဲ့အကြည့်အကြည့်တွေသည် ဇိုင်း အပေါ်ကျရောက်လာပေမယ့် ဇိုင်း ရဲ့ခြေလှမ်းဦးတည်ချက်ကတော့ ကျောင်းကန်တင်းဆီမှာ ။

ရှေ့ကဦးဆောင်ပြီးသွားတဲ့ဇိုင်း နောက်ကနေ ရန်နိုင် လိုက်ပါလာသည်မို့ ကျောင်းသားတွေရဲ့အမြင်မှာ အရှိန်အဝါတစ်ခုထွက်ပေါ်စေသည် ။

ကန်တင်းရောက်သည်နှင့် ကလေးလေး က ဘယ်နေရာမှာများနေ့လည်စာစားနေလဲဆိုပြီး ရှာဖွေကြည့်နေတုန်း ... လူအုံလိုက်ဖြစ်နေတဲ့နေရာဆီအကြည့်ရောက်သွားသည် ။

သို့ပေမယ့် ကိုယ်နဲ့မဆိုင်ဘူး ဆိုပြီး ပြန်လှည့်ထွက်မလို့ပြင်တုန်း *ဂျူးလေးကိုမထိနဲ့* ဆိုတဲ့အသံကြောင့် ဇိုင်း စိုးရိမ်မှု့နဲ့ဒေါသထွက်ကာ ချက်ချင်းထိုနေရာဆီကိုခြေလှမ်းကျဲကြီးတွေနဲရောက်သွားသည် ။

ကလေးလေး ထက်အရွယ်ကြီးတဲ့ကောင်းတစ်ကောင်က ဇိုင်း ရဲ့အသည်းနှလုံးကိုရိုက်ဖို့ရွယ်ထားပြီးနေပြီ တော်သေးတာက ဇိုင်း ရောက်သွားတာလျှန်မြန်ပေလို့ ။

ဇိုင်း ရောက်ရောက်ချင်း ထိုကောင်ရဲ့ရင်ဘတ်ကိုအားနဲ့ဆောင့်ကန်လိုက်တာကြောင့် ဟန်ချက်မထိန်နိုင်ပဲနောက်ပြန်လှန်လဲကျကာနောက်က စားပွဲခုံနဲ့ကျောကုန်းတိုက်မိသွားတာကြောင့် တော်တော်လေးအီဆိမ့်သွားမှာပဲ ။

ဇိုင်း ရင်ခွင်ထဲဆွဲဖက်ထားတဲ့ ကလေးလေး သည် ကြောက်ရွံ့ကာ အသံပိစိလေးနဲ့ အားကိုးတကြီးခေါ်လိုက်တဲ့နာမ်စားတစ်ခုက ..
*ကိုကိုကြီး* တဲ့ ။

ရုတ်တရက်ကြီးဝင်လာပြီးပြုမှုလိုက်တာကြောင့် အားလုံးကအံသြတကြီး ဇိုင်း ကိုမော့ကြည့်နေသည် ။ ဇိုင်း ရဲ့မျက်လုံးတွေသည် ဒေါသတွေကိုအံကြိတ်ခါထားရတာကြောင့် မျက်လုံးအိမ်တွေမှာရဲရဲနီနေသည် ။

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]حيث تعيش القصص. اكتشف الآن