❤ ကိုကိုရဲ့ကလေးငယ် ၆ ❤

90.2K 8.5K 479
                                    

ဂျူးဂျူး တို့အိမ်ရဲ့ထမင်းစားခန်းတွင်.ဒေါ်ယုလွှာတို့သားအမိသုံးယောက် သည် ဖွယ်ဖွယ်ရာရာပြင်ထားတဲ့ မနက်စာကိုစားသောက်နေကြသည် ။

Li " အမေ့ မနေ့က ဟိုကောင်ပြန်မလာဘူးနော် "

လင်းသန့်စင် သည် မနေ့က ဂျူးဂျူး အပေါ်လုပ်ခဲ့သည်ကိုအပြစ်ရှိတယ်မခံစားရပဲ အပြစ်တင်သံနဲ့ပြောလိုက်သည် ။

လင်းသန့်စင် ပြောလိုက်တော့ ကော်ဖီသောက်လက်စကိုချကာ လရိပ်နွေး ဝင်ပြေသည် ။

Li " ဟုတ်တယ်အမေ အဲ့ကောင် မနေ့ကကျောင်းဆင်းထဲက အိမ်ကိုပြန်မလာဘူးဆိုတော့ ကြည့်လဲလုပ်ဦး တော်ကြာနေအမေ့ဘိုးတော်ကြီးပြန်လာလို့ သူ့သားကိုမတွေ့ရင် ကွမ်နေမယ် "

လရိပ်နွေးသည် စိုးရိမ်သံမပါတဲ့စိတ်ပျက်ခြင်းအသံနဲ့ ပြောလိုက်သည် ။ အကြောင်းက မနေ့က သူကူးရမယ့်စာတွေတစ်ပုံကြီး အိမ်ပါလာလို့ပင် ။

ဒေါ်ယုလွှာရဲ့မျက်နှာတွင် တရက်လုံးပျောက်နေတဲ့ ဂျူးဂျူးအတွက် စိုးရိမ်ပူပင်ခြင်းလုံးဝမရှိ ။

M " အို အေ ညည်းတို့ကလဲ သူကသူငယ်နှပ်စားကလေးမှမဟုတ်တာ သူ့အချိန်နဲ့သူ ပြန်လာချင်လာ မလာချင်နေပေါ့ .. ကိုယ့်ကိစ္စပါတာမဟုတ်ဘူး ပြန်မလာလဲအေးတာပဲ တစ်လတစ်လ သူ့ဆေးဖိုးကိုထုတ်ပေးနေရတာ ကျုပ်လဲသက်သာတယ် "

ဂျူးဂျူးလေးမှာမွေးရာပါ နှလုံးနဲ့ပက်သတ်ပြီးရောဂါရှိတာကြောင့် ဦးမောင်အေးသည် ဂျူးဂျူးရဲ့ဆေးဖိုးကို ဒေါ်ယုလွှာကိုအပ်ထားပြီး ဝယ်ခိုင်းစေသည် ။

L " အမေအဆင်ပြေရင်ပြီးတာပဲ ... ကျစ် စိတ်ရှုတ်လိုက်တာ အဲ့ကောင်မရှိတော့ သမီးတို့ကိစ္စတွေဘယ်သူကလုပ်ပေးတော့မှာလဲ "

M " တစ်ရက်တလေတော့ ကိုယ့်ဘာသာအဆင်ပြေအောင်လုပ်လိုက် လရိပ်ရယ် နားမပူစမ်းနဲ့ .. အဲ့ကောင် လဲ ပြန်မလာပဲမနေပါဘူး နေဦး တွေ့မယ် ပြန်လာလို့ကတော့ ဒင်းကိုမှတ်လောက်သားလောက်အောင်ကို ဆုံးမဦးမယ် "

ဒေါ်ယုလွှာ သည် အိမ်မှာမရှိတဲ့ ဂျူးဂျူးမောင် ကို ကြိမ်းမောင်းကာ ဒေါသထွက်နေသည် ။

ကိုကိုရဲ့ကလေးငယ် S2 [ Completed ]Where stories live. Discover now