Chapter 52(full chaper)

Start from the beginning
                                    

ခန်းပါ၏ မျက်နှာတည်ကိုကြည့်ပြီး အခြေအနေမဟန်မှန်းကျန်းချိုးသိသော်လည်း ထိုလူခြောက်ယောက်ကိုအခုလေးတင်အသက်ရှင်လျက်တွေ့ခဲ့သေးကြောင့် အခြားအခြေအနေကိုကျန်းချိုးလက်မခံနိုင်သေး။

"ယာဥ်ဒီမှာမရှိဘူး သူတို့အဲ့ယာဥ်နဲ့အတူပါသွားတာဖြစ်မယ်ထင်တယ် ဟုတ်လား?"

ကျန်းချိုးအမေးကို ခန်းပါခေါင်းခါလျက် သက်ပြင်းချလိုက်၏။

"အန္တရာယ်များတယ်"

ထိုစကားကိုပြောနေသော်လည်း ခန်းပါ ထိုခြောက်ယောက်ကိုရှာရန်ပြင်ဆင်နေ၏။

ကုလားအုပ်တို့မှာကြောက်လန့်နေသော်လည်း ချည်ထားသောကြောင့်ထွက်ပြေးမရရှိနေခဲ့၏။ ခန်းပါ ကုလားအုပ်တို့ကိုမျက်လုံးစီးတဖြေးဖြေးချင်းချွတ်ပေးရင်းမှ စိုးရိမ်တကြီးကြည့်လာသဖြင့် ကျန်းချိုး ဘာဖြစ်တာလဲမရိပ်မိစွာမေးလိုက်မိ၏။

"ဘာဖြစ်လို့လဲ"

"ဒီလူတွေအတွက် ကုလားအုပ်မလောက်ဘူး ပြီး စားစရာကောပဲ"

လူခြောက်ယောက်ပျောက်သည့်သတင်းကတည်းက အတုန်မရပ်တော့သည့်ဒါရိုက်တာက အခုတော့သူ့ယုံကြည်ရာက ခန်းပါသာဖြစ်လျက်။

"ကားထဲမှာစားစရာရှိသေးတယ် လူတစ်ချို့အရင်ပြန်ပို့ပြီး အကူအညီတောင်းပြီး မှနောက်တစ်ခေါက်ထပ်လာခေါ်လိုက်"

ဖီးရှန်ရွဲ့မေးလိုက်၏။

"ဒါဆိုခများကဘယ်ဖက်မှာနေမှာလဲ?"

ဒါရိုက်တာမှာအရင်ပြန်ချင်သူပါ။ သို့သော် အရပ်ရှည်ရှည်တောင့်တောင့်တင်းတင်း ဖီးရှန်နှင့်အဖွဲ့ကိုကြည့်ရင်းမပြောရဲ။ သူခန်းပါကို သူ့တစ်ဖွဲ့ကိုအရင်ပြန်ပို့စေချင်တာတော့​ပေါ်လွင်လွန်းပါ၏။

ခန်းပါ ဘေးပတ်ပတ်လည်ကိုအကဲခတ်ရင်းခေါင်းခါလာ၏။

"အခုအရမ်းရှုပ်နေသေးတယ် ဘယ်လမ်းပြန်ရမလဲရှာမရသေးတော့ ဒီရက်ပြန်ရဦးမှာမဟုတ်ဘူး"

ကျန်းချိုးမှာ စစချင်း ကန္တာရကအတူတူလို့သာထင်ပြီး ချက်ချင်းရိုက်ကွင်းဆီပြန်လို့ရမည်ထင်ခဲ့သော်ငြားသေချာကြည့်တော့အခုဘယ်ဖက်မှာဆိုတာရှာရပါခက်သွားလေပြီ။ သဲမုန်တိုင်း​က အားလုံးကိုတိုက်စားသွားသော်လည်း ကျန်းချိုး ထိုအပျက်အစီးကြားကအဆောက်အဦးပုံစံကိုတော့ပုံဖော်နိုင်သေး၏။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now