"သူ့ကို ကျတော်တို့ ဆံခြည်တစ်မျှင်တောင်မထိထားပါဘူး..သူ့အထဲမှာ အိပ်နေတယ်..အာ..ရောင်းရင်းကလဲ..အဲ့အကြောင်းပဲ စိတ်ပူမနေပါနဲ့"
တစ်ခနအကြာတွင် တံခါးဖွင့်သံကြားလိုက်ရပြီး အလောင်းကောင်လို ကုတင်ပေါ်တွင် အတောင့်လိုက်အချည်ခံထားရသော ကျန်းချိုး မျက်လုံးတို့သာ ဝေ့ကြည့်လိုက်နိုင်သော်လည် ထိုသူ၏ စိုးရိမ်တကြီးမျက်ဝန်းတို့ကိုတော့ တည့်တည့်စိုင်ကြည့်ဖို့ လုံလောက်သွားပါရဲ့။ သူအခု အရမ်းကို လုံခြုံတဲ့ ကမ္ဘာထဲ ရောက်သွားသလိုပါပေ။
သူ့ကိုမြင်လိုက်သော ထိုသူ၏ အကြည့်တို့ကလည်း လူသတ်မျက်လုံးတို့ကနေ နူးညံ့သည့် အကြည့်သို့ပြောင်းသွားလေပြီ။
"လီစူး"
ကျန်းချိုး ၀မ်းသာအားရဖြင့် ကုန်းအော်လိုက်သော်လည်း သူ့ပုံစံကိုကြည့်မိသော လီစူးမျက်လုံးထဲတွင်တော့ အေးစက်စက်ဖြစ်နေလေသည်။ အနောက်က လူမှာ မျက်နှာရောကာရောဖြင့် ရယ်ပြလာလေသည်။
"သူ့ကို ဒီအတိုင်းချည်ထားတာပါ..မနာပါဘူး "
ကျန်းချိုး ၀င်လာသော တစ်ယောက်ကိုကြည့်ရင်း လန့်ဖြန့်သွားလေသည်။ သူက ကျန်းလောင်ဒါးဖြစ်နေပြန်တာလား?
ကျန်းလောင်ဒါး ကြိုးဖြည်ပေးရန် ရွယ်လိုက်စဉ်တွင်ပင် လီစူးအရင်သွားလိုက်ပြီး လောင်ဒါးရှေ့ တူရွင်းဖြင့် ချိန်လိုက်လေသည်။ လောင်ဒါးတစ်စင်တီမီတာလေးတိုးလိုက်မိရင်တောင် လက်ပြတ်နိုင်သည့်အနေအထား။
"ကောင်းပြီ..မင်းလုပ်လိုက်..မင်းလုပ်လိုက်"
ကျန်းချိုး ကြိုးပြေသည်နှင့် ချက်ချင်းထရပ်လိုက်သော်လည်း အားနည်းနေသဖြင့် ပြန်လှဲကျသွားလေသည်။ သို့သော် လီစူး၏ လက်မောင်းပေါ်တွင်သာဖြစ်နေလေသည်။ လီစူးမျက်မှောင်ကြီး ကြုတ်သွားလေသည်။
VOUS LISEZ
သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)
Aventureသွေးစုပ်ဖုတ်ကောင်၏ သန္ဓသေားနှင့်အတူနိုးထခြင်း Title : I woke up pregnant with a Jiangshi's child Original Author: Lu Guitu Genre: supernatural / historical Eng Translator: momochingu@ Novel status: completed 100+extras Translation status: on going(e...