Chapter 18.2

11.7K 1.7K 157
                                    

"ဒါက ကျောက်ရုပ်ထုကြီးတစ်ခုပဲ"

ယု​ရွှေ ၏ သုံးသပ်ချက်ကြောင့် လောင်ဒါး မယုံနိင်အောင် ထိတ့်လန့်သွားခြင်း။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလည်း..ဒါကြီးက ဒီလောက်အသက်ဝင်...."

လောင်ဒါး နဖူးချွေးကို ပွတ်တိုက်ရင်း ထိုအရာကို မီးနှင့် သေသေချာချာထိုးကြည့်ပြီးမှ စိတ်သက်သာရာ ရသွားရှာသည်။

"မှန်တယ်ဟ..ရုပ်တုကြီး..သူ့မေကြီးတော်က ငါ့ကို တော်တော်ခြောက်လိုက်တာပဲ..အသက်တောင်ထွက်တော့မလို့...ဒါကြီးက လုံးဝ မကောင်းဆိုးဝါးကြီးပဲ"

ကြီးမားလှသည့် ကျောက်ရုပ်ထုတစ်ခုက ဂူတံခါးဝ အလယ်တည့်တည့်တွင် ဆောင့်ကြောင့်ထိုင်နေခြင်း။ လူမျက်နှာနှင့်ကျားကိုယ်ပိုင်ရှင် ရုပ်ထုကြီးတွင် ကျယ်လှသည့် ပါးစပ်.. ရှည်လှတဲ့ အမြီးတစ်ချောင်း။ သူ့ကို ရုတ်တရက်ကြည့်သူအပေါင်းက သူ့အား အသက်ရှိနေသည်ဟု ထင်မှားစေသော အစွမ်းရှိ၏။

"*တာဝူးပဲ..မျက်လုံးထဲ တစ်ခုခုခြယ်ထားတာ"

(တာဝူးဆိုတာ ဒဏ္ဌာရီလာ ကြမ်းကြုတ်တဲ့အကောင်ကြီးလေးကောင်ထဲက တစ်ကောင်ပါ ..ပုံက အဆုံးမှာ)

အဖြေမှန်ထုတ်နေသော လီစူး၏ အသံကတော့ ထုံးစံအတိုင်း အေးစက်လျှက်။

ကျန်းချိုးချက်ချင်းပင် ပိဇန်ဂူထဲက ရွံ့ရုပ်တုတို့အားပြန်အမှတ်ရမိသွားပြန်သည်။ ထိုရုပ်ထုတို့ကလည်း တကယ့်အစစ်အတိုင်း အထင်မှားစေခဲ့သည်မဟုတ်ပါလား။ ဒီရုပ်တုက သူတို့နှင့် နည်းနည်းဝေးနေသည်ကတစ်ကြောင်း မျက်လုံးကိုသာ အရောင်ခြယ်ထားသည်ကြောင့်တစ်ကြောင်း ..သူတို့အတွက် လန့်စရာသိပ်မဖြစ်။

"ကျစ်....ဘာမှားလို့လဲ...လောင်ဇီက ဒါတွေကို အယုံအကြည်မရှိတဲ့သူ...သွားစမ်း"

လောင်ဖေ သူ့ဘေးက ဒေါင်ဘားအား လက်ညိုးထိုးသွားခိုင်းနေလေသည်။ ဒေါင်ဘားမှ သူ့စကားနားမထောင်ပဲ လီစူးကိုသာ ဘာလုပ်ရမလဲ အကြည့်ဖြင့် အဖြေတောင်းနေသဖြင့်လောင်ဖေဒေါသတို့ကြောင့် မျက်လုံးတို့ပင် ရဲရဲနီသွား၏။

"အမှိုက်ထုတ်တွေ...ငါဘာသာလုပ်ပြမယ် ကြည့်နေ"

ကျန်းချိုးမှာ လောင်ဖေ သူ့အသက်သူ ကိုယ့်ဘာသာကိုယ်ရန်ရှာနေမှန်း အနံ့ရနေပေမယ့် တားဖို့အတွေးမရှိ။ သူယုတ်မာတာမဟုတ်ပေမယ့် လီစူးကိုပြောခဲ့တဲ့ ထိုသူကို ကြည်ကြည်ဖြူဖြူတားရအောင်ထိ သဘောထားကြီးသူတော့မဟုတ်။

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now