Part 2

10.8K 939 11
                                    

💝Play Boy💝

အံ့ ကားလေးသူ့တို့ခြံထဲ ဝင်သွားမှ ပိုင်လဲခြံတံခါးအကွယ်ကထွက်ခဲ့သည်။
ခြံရှေ့လည်တဆန့်ဆန့်နဲ့ လူတစ်ယောက်အလာစောင့်နေမိသည်။

မလာသေးတာမို့ အိမ်ထဲမှာအလုပ်ရှုပ်နေတဲ့
မေမေ့ကိုကူညီဖို့ ပြန်ဝင်လာခဲ့သည်။
ညနေစာအတွက် မေမေကအားလုံးပြင်ဆင်ပြီးနေပြီဖြစ်သည်။
ဖေဖေလဲ အလုပ်ကအပြန်ရေချိုးပြီးလို့ အခန်းထဲကထွက်လာသည်။

အိမ်ရှေ့ကကားဟွန်းသံကြောင့် ပိုင်မီးဖိုခန်းထဲကနေထွက်လာခဲ့သည်။
❤️
"သား အပြင်ပြန်ထွက်အုံးမလို့လား"

"clubသွားမလို့မေမေ"

"ညနေစာစားသွားလေ"

"မစားတော့ဘူး အပြင်မှာပဲစားလိုက်မယ်
ဖေဖေနဲ့မေမေပဲစားလိုက်တော့နော်"

"အေးပါ ညည့်မနက်စေနဲ့နော်သား"

"ဟုတ်မေမေ
ဖေဖေသားသွားပြီ"

တစ်ခွန်းမှမပြောသော ဖေဖေ့ကို လှမ်းကြည့်ရင်းနှုတ်ဆက်လိုက်သည်။

"ပြသနာရှာမလာနဲ့နော် အံ့ဖွယ်ပိုင်စိုး"

"ဟုတ်ကဲ့ပါဖေဖေရဲ့"

ကျောင်းအပြန်အကျီ င်္လေးလဲပြီး ကားသော့လေးရမ်းကာ အိမ်ကပြန်ထွက်လာခဲ့သည်။
ခြံထဲကအထွက် တဖက်ခြံပေါက်တွင် ကိုကိုနဲ့လူတစ်ယောက်ရယ်မောနေတာတွေ့လိုက်ရသည်။
ကြည့်နေတုန်း ထိုလူက ကိုကို့နဖူးကိုခပ်ဖွဖွထုကာ ပြုံးနေသေးသည်။
အံ့ကားစတီယာတိုင်ကို လက်နဲ့တင်းခနဲ ဆုပ်မိလျှက်သား။
မြင်ကွင်းထဲ ကန့်လန့်ဖြစ်နေတာမို့ ကားဟွန်းကို သံရှည်ဆွဲတီးပြစ်လိုက်သည်။
ကိုကိုရော ထိုလူပါ အံ့ ကားစီလှည့်ကြည့်ကြသည်။
ကိုကိုက ပုခုံးတွန့်ပြပြီး ထိုလူကိုအိမ်ထဲဆွဲခေါ်သွားသည်။

အံ့စိတ်ထဲ ကိုကိုကိုစိတ်တိုမိသည်။
ဒါဘာအချိုးလဲ။ဘယ်လိုအပြုအမူလဲ။
တွေ့မယ် ကိုကို။ ကျနော့်ကိုဒီပုံစံလာချိုးလို့မရဘူး။
သူ့ပိုင်လျှန်းဆိုတဲ့ကိုကိုက အံ့ကိုဘယ်တော့မှ မျက်နှာလွဲလို့မရစေရဘူး။

အံ့ပိုင်ကားလေးကို တရကြမ်းမောင်းထွက်လာခဲ့သည်။
Clubရောက်တော့ ဇွဲညီရော သူရပါ အရင်ရောက်နေကြသည်။
အချိန်ကစောသေးတာမို့ လူအရမ်းမစည်သေး။
ဇွဲညီလက်ထဲက သောက်လက်စ ဘီယာဗူးကိုယူပြီး အံ့အကုန်သောက်ပစ်လိုက်သည်။

Play Boy(Completed)Where stories live. Discover now