part.14(THE END)(uni)💙

978 41 2
                                    

"လိုင်လိုင်းကို....ဘာဖြစ်တာလဲ"

"ဟင့်အင်း...အားးးးးး"

မျက်လုံးထိဝင်လာသည့် အလင်းရောင်စူးစူး
နဲ့ ရင်းနှီးနေကျ ရေမွှေးနံကြောင့် တခုခုပင်မှားနေသလို....

"လိုင်လိုင်းကို... အဆင်ပြေရဲ့လား"

ကြားလိုက်ရသည့် အသံနဲ့ စိုးရိမ်ဖွယ်မေးလာသည့်တစ်စုံတစ်ယောက်ရဲ့အသံကြောင့်ဘေးကိုကြည့်မိတော့......မောင်......

"ဟင်...မောင်..မောင်လား...မောင်လိုင်လိုင်းကို လာကယ်ခဲ့တာလား..ဟင့်"

မောင့်ကို ထိုင်ရက်ကနေဖက်လိုက်ပြီး ငိုနေမိသည်ကြောင့် မောင့် လက်တို့က လိုင်လိုင်း
ပုခုံးကိုဖက်ကာနှစ်သိမ့်လာသည်။

"လိုင်လိုင်းကို အိမ်မက်ဆိုးတွေမက်တာလား"

"ဟင့်....အိမ်..အိမ်မက်ဆိုး?"

ထူးဆန်းစွာ အိမ်မက်ဆိုးဟူသည့်စကားနဲ့
မိမိပါးကိုပြန်လိမ်ဆွဲကြည့်မိသည်။

"ဘာဖြစ်လို့လဲ"

"ဘာကိုလဲ လိုင်လိုင်းကို"

"ဟမ်??"

မောင်နားမလည်သလို အခုထိ လိုင်လိုင်းလဲနားမလည်နိုင်သေးပါ။

"လာ ထတော့ နေ့ခင်းကြောင်တောင်ကြီးအိပ်နေပြီးတော့ ညနေကြရင် မောင် မဂ်လာပွဲသွားရအုံးမှာ အခုအကျီလာရွေးပေး"

ထိုအခါမှပြန်စဥ်းစားမိသည်ကာ
ဖုန်းထဲက dateကိုကြည့်လိုက်သည်။

"Anniရောက်ဖို့၃ရက်လိုသေးတယ်လား"

လိုင်လိုင်းကိုခဏလေးအိပ်ပျော်သွားသည်ထင်ပါရဲ့...
မောင်မနက်ရေချိုးလို့လျှော်ထားသည့်ဆံပင်တွေတောင် မခြောက်သေးတာကိုကြည့်ရင်သိသာသည်။

မောင့်ကို အကျီရွေးပေးရန်သွားလိုက်ပြီး ဘီရိုထဲက အကျီအသစ်တစ်ထည်ကိုထုပ်
ပေးလိုက်သည်။

မြေစာပင်လို သူ(Completed)Where stories live. Discover now