"အ..ပါ..ပါးး..ပါပါး........အသက်ရူ..မရတော့..ဘူးး....ပါ..ပါးးးး"

ချလွမ်(ဇွန်းကျ)..ခလွမ်း(ပန်းကန်ကွဲ)

အသံတွေ ကြားနေရပါသည်။
ပါပါးဆိုတဲ့ အကူညီတောင်းသံလေး
က သိမ်ငယ်စွာ

"အ...ပါးးးး"

နောက်ဆုံး ကြားလိုက်ရသည့် လိုင်လိုင်း
နာမ်စားလေးကို ထပ်ကြားချင်နေမိပါသည်။

"..အ..."

တုံရီစွာ အခွံခွာနေသည့် လိုင်လိုင်းလက်တွေက ဓားကိုမထိန်းနိုင်စွာ လက်ညိုးက သွေးတို့ကိုစီးကျစေသည်။

လက်ထဲ ဓားကိုပစ်ချလိုက်ပြီး မရဲမဝံစွာဖြင့်
နောက်ကိုလှည့်ကြည့်လိုက်သည်။

မြင်ရသည်က ကြမ်းပြင်ထက်လဲနေသည့်
ယူရီ့ ပါးစပ်က အမြုပ်တွေစီးကျနေပြီး
လိုင်လိုင်းဆီ လာကမ်းကာ အကူညီတောင်းရင်း သေဆုံးနေပြီဖြစ်တဲ့ ကလေးငယ်

သွေးမယုတ်သေးသည့် နီဥဥ ကိုယ်ခန္ဓာလေးကို ပွေ့ဖက်ရင်း ကြမ်ပြင်ထက်ထိုင်ချကာ ငို
နေမိသည်။

"သမီးလေး...အားးးးပါပါးကိုခွင့်လွှတ်ပါ
ပါပါးတောင်ပန်ပါတယ်...နောင်ဘဝသာရှိခဲ့ရင် သမီးလေးအခုလိုအဖြစ်ဆိုးနဲ့ မကြုံရပါစေနဲ့.....ပါပါးးသမီးလေး...ဟင့်....ပါပါးကိုခွင့်လွှတ်ပါနော် ပါပါးက ဖခင်ဆိုးပါ....ဟင့်"

သမီးလေးရဲ့ရုပ်အလောင်းက တဖြည်းဖြည်းအေးစက်လို့ ဖြူရော်လာပြီ။

နွေးထွေးနေသေးသည့် ပါးပြင်ဖောင်ဖောင်း
လေးကိုထိကိုင်ကြည့်ရင်း..
နောက်ဆုံးဟူသော အနမ်းလေးတပွင့်ကို
ဖိကပ် ခွှေလိုကျပွီး

အသက်မဲ့နေတဲ့ သမီးလေးခန္ဓာကိုယ်ကို
အပေါ်ထပ်က အိပ်စက်ခဲ့သော အိပ်ရာလေးထက်သို့ ချပေးကာ စောင်ခြုံပေးလိုက်သည်။

"သမီးလေး....ပါပါးကချစ်ပါတယ်
ပါပါးကို မစောင့်နေပဲသွားနှင့်နော်"

ပြောပြီးသည်နှင့် သမီးလေးအိပ်ခန်းကော
ဧည့်သည်အိပ်ခန်းကော စတိုခန်းကောကိုပါ
သော့ခတ်ပြီး အနွေးထည်ခပ်ပါးပါးကိုဝတ်ကာ အပြင်ဘက်တနေရာသို့....

မြေစာပင်လို သူ(Completed)Where stories live. Discover now