မနေ့က ယူရှောင်မို၏ ဆုံးဖြတ်ချက်အား ကြားသိပြီးပြီးချင်း နေ့တွင်းချင်းတွင် ပိုင်လီရှောင်ယွီသည် သူ၏နောက်လိုက်များအား သူ၏အဆောင်မှ ပစ္စည်းများအား သိမ်းဆည်းစေပြီး လေးယောက်အတူနေရသော အခန်းသို့ ပြန်ရွှေ့စေ၏၊ ထို့နောက်တွင် သူသည် ယူရှောင်မို့နောက်သို့ ခါချ၍မရသော အရိပ်တစ်ခုကဲ့သို့ တစ်ချိန်လုံး လိုက်ကပ်နေခဲ့ခြင်း ဖြစ်လေသည်။




ယူရှောင်မိုသည် ၎င်းအား အကြိမ်များစွာ ရှင်းပြပါသော်ငြား ပိုင်လီသည် ယူရှောင်မို အလုပ်တစ်ခုခုလုပ်ရန် သွားသည်ဟုသာ ထင်မှတ်ပြီး တစ်ချိန်လုံး နောက်မှလိုက်လာလေ၏။






ပိုင်လီရှောင်ယွီသည် ရုတ်တရက် သူ့ဆီသို့ပြေးလာကာ သူ့ရင်ဘတ်သူ ပုတ်ပြပြီး ပြောလေ၏။

" မင်းစိတ်ချပါ .. ငါမင်းကိစ္စတွေကို နှောင့်နှေးအောင် လုပ်မှာ မဟုတ်ပါဘူး .. "

" မင်း အခုတည်းက လုပ်နေပြီးပြီလေ  -_-  "



" မင်းသာငါ့ကို ဒုတိယအခွင့်အရေး ပေးမယ်ဆိုရင် ငါ အခက်အခဲတွေကို ကောင်းကောင်းဖြေရှင်းနိုင်တဲ့ .. သူများပေါ် မမှီခိုတဲ့ .. အံ့သြစရာကောင်းတဲ့လူ ဖြစ်လာရမယ်လို့ ကတိပေးတယ် "

( စိတ်မဆိုးတဲ့အပြင် ကြိုးစားချင်စိတ်ရှိတာနော် ကလေးလေးက T.T )








ထိုစကားများသည် အပေါ်ယံဟု ထင်ရသော်လည်း ပိုင်လီရှောင်ယွီသည် အမှန်တကယ်ပင် သူ့ကတိအား တည်ရှာပါ၏။






ပိုင်လီအိမ်တော်သည် သူတို့၏ အငယ်ဆုံးသခင်လေး တဖြစ်လဲ လူတိုင်း၏ လက်ပေါ်မှ ဖူးဖူးမှုတ်ခံထားရသော ကလေးလေးသည် တာဝန်သိသော, ကိုယ်ပိုင်ဆုံးဖြတ်ချက် ချနိုင်ပြီး သူတစ်ပါးအပေါ် မမှီခိုသော, ကိုယ်ပိုင်အရောင်အဝါများ တောက်ပနေသော သခင်လေးတစ်ဦး ဖြစ်လာလိမ့်မည်ဟု ဘယ်သောအခါမျှ စိတ်ကူးဖူးကြလိမ့်မည် မဟုတ်ပေ၊ ထိုအရာများအားလုံးသည် ယူရှောင်မိုအား ကျေးဇူးတင်ဖို့ လုံလောက်ပေသည်။




" တကယ်တော့ ...... မင်း အဆင့်အတန်းနဲ့ဆိုရင် ..

အဲ့လောက်ထိ ဖြစ်လာစရာ မလိုပါဘူး .. "

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now