"ဟင်! "

ွအခန်းထဲမှ ထွက်ခွာသွားသော ကျောပြင်လေးနှင့် ပျောက်ကွယ်သွားသော ကိုယ်သင်းရနံ့ ဖျော့တော့တော့လေးက ရိပေါ့်အတွက်တော့ အဆိပ်ငွေ့တွေလိုပင်..၊ တစ်ဖြည်းဖြည်းရှူရင်း တစ်ရိပ်ရိပ် မူးဝေလို့လာသည်..။

ပါးပေါ် တာကျိုးလာတယ့် မျက်ရည်ဥတို့သည် မေးစေ့လုံးလုံးလေးမှာ တွဲလဲခိုနေကာ ရင်ညွှန့်ထဲသို့် စိမ့်ဝင်သွားကြသည်..။

ကျွန်တော်ကြောင့် အစ်ကိုနဲ့မမက ခုလိုဝေးကြရတာ...။
အဲ့လိုမဖြစ်ရဘူးလေ.. အစ်ကိုပျော်ဖို့အတွက် ကျွန်တော်ဘာလုပ်ပေးရမလဲ?

သေလောက်အောင် တွေးတောပေမယ့် ရရှိလာသော အဖြေက...!

အစ်ကို့ဆန္ဒကိုသာ လိုက်လျောလိုက်မယ်ဆိုလျှင်..

ဒါပေမယ့် ကျွန်တော်က ဘယ်လိုစိတ်နဲ့များ အဲ့လိုလုပ်နိုင်မှာလဲ? သာမာန်စိတ်အခြေအနေနဲ့ဆိုရင် ကျိန်းသေလုပ်နိုင်မှာမဟုတ်ဘူး..။ စိတ်ကြွဆေး သောက်လိုက်ရမလား? တွေးရင်း တွေးရင်း ခေါင်းတွေကပူလာကာ ရင်ဘတ်က နာကျင်လို့လာသည်..။

ခု ကျွန်တော်ငိုနေရတယ်..။
အစ်ကိုလဲ တစ်ဖက်ခန်းမှာ ငိုနေတယ်မဟုတ်လား? ဘာလို့နှစ်ယောက်စလုံး ငိုနေမှာလဲ?

ကျွန်တော်ပဲ ငိုမယ်...
အစ်ကို့အတွက်ရော...
မမ အတွက်ရော..

***********




နာရီလက်တံမြည်သံ တစ်ချက်ချက်ကြောင့်ပဲ အိပ်မပျော်ဖြစ်နေသလား?
အိပ်ရာပြောင်းလို့ပဲ ခန္ဓာကိုယ်က အသားမကျလေသလား?
ဖက်အိပ်နေကျ ကိုယ်လုံးလေးမရှိလို့ မျက်စိကြောင်နေသလား?

သေချာတာကတော့ သူအိပ်မပျော်ခြင်းပင်..။ ကုတင်ပေါ်မှာ ဟိုလိမ့် ဒီလိမ့်နှင့် အတွေးတွေက နေရာစုံပြေးသည်..။

သို့ပေမယ့် ခပ်တိုးတိုး တံခါးခေါက်သံနှင့်အတူ ညှင်းသွဲ့သွဲ့အသံစာစာလေးကြောင့် လူက ကုတင်ပေါ်မှ ငေါက်ခနဲ ထထိုင်မိသည်အထိ...။

"ကိုကို...ငယ့် ကိုတံခါးဖွင့်ပေးပါဦး"

"ဟင်!!!"

"N⃠E⃠V⃠E⃠R⃠ "[[ COMPLETED ]]✔Where stories live. Discover now