[T/N စုယွဲ့ပြောချင်တာက .. မော့ပေရဲ့ ကာရိုက်တာကိုက ရှန်ဝမ်းယန့်ကို ချစ်ဖို့ ပံ့ပိုးပေးဖို့အတွက် ရှီရှီက ရေးခဲ့တာ .. second male lead အနေနဲ့ပေါ့ ... အဲ့တာကြောင့် မော့ပေက ရှန်ဝမ်းယန့်ကို သူ့ကာရိုက်တာအရ ချစ်နေရတာကို ဆိုလိုတာပါ]
ချင်းစုယွဲ့ဟာ ထိုသို့ပြောလိုက်ပြီးနောက် သူမ အများကြီး ပြောလိုက်မိတယ်ဆိုတာ သဘောပေါက်သွားပြီး အလျင်အမြန် ပြောလိုက်ရသည်။
"ကျွန်မ စကားတွေ အများကြီး ပြောလိုက်မိတယ် ... တောင်းပန်ပါတယ် ... ဒီနေ့အတွက်က...."
"ရပါတယ် ... မင်းနဲ့စကားပြောခဲ့တာ တော်တော်လေး အတွေ့အကြုံရခဲ့တယ်"
ထိုသို့ပြောပြီးနောက် မော့ပေက ပြန်လှည့်သွားကာ ဆို၏။
"အားနျန်က သူမကိုကျော်ပြီး ဘာလို့မင်းကို ရွေးခဲ့လဲဆိုတာ ကျွန်တော် နားလည်နိုင်ပြီလို့ ထင်တယ်"
ချင်းစုယွဲ့က ပြုံးသာပြုံးနေပြီး ဘာကြောင့်လဲဆိုတာကိုတော့ မမေးခဲ့ပါပေ။
"ရှင် အင်တာဗျူးကိစ္စကို သေချာစဉ်းစားကြည့်ဖို့ မျှော်လင့်ပါတယ် ... ဖြစ်နိုင်ရင်တော့ ကျွန်မကို မနက်ဖြန် အကြောင်းပြန်စေချင်ပါတယ် ... ကျေးဇူးတင်ပါတယ်ရှင်"
"အင်း .. ဟုတ်ပြီလေ"
ချင်းစုယွဲ့က မပြန်ခင်မှာ သူ့ကိုဖျတ်ခနဲကြည့်လိုက်တော့ သူက အောက်ထပ်ကသူကိုသာ အာရုံစူးစိုက်၍ ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
ချင်းစုယွဲ့က သက်ပြင်းအသာချလျက် အောက်ထပ်သို့ ပေါ့ပါးသည့်ခြေလှမ်းတို့ဖြင့် ဆင်းသွားလေတော့သည်။
သူမ စာအုပ်ဖတ်ခဲ့စဉ်တုန်းက မော့ပေအား တကယ့်ကို တော်တော်လေး လေးစားမိခဲ့သည်။ သူက ချောမောကြည့်ကောင်း ... အရည်အချင်းရှိပြီး စူးနစ်စွာ ချစ်တတ်ခဲ့ပေမယ့် ထိုအရာတွေအများကြီးက ချန်းစီနျန်ရဲ့ အဓိကဇာတ်လိုက် အရှိန်အဝါအောက်မှာ ဖုံးလွှမ်းခံရတာ နှမျောစရာပင်။ သူ့ရဲ့ ရှန်ဝမ်ယန့်အပေါ် အရူးအမူးချစ်မှုကြောင့်လည်း သူမက ဂရုဏာသက်မိပါ၏။ မော့ပေမှာ လူကောင်းတစ်ယောက် ဖြစ်ပြီး သူ့ကိုပိုချစ်ပေးမယ့်သူကို ပိုင်ဆိုင်ဖို့ ထိုက်တန်လေသည်။ သူက ပျော်ရွှင်ဖို့ ထိုက်တန်ပါသည်။