"အဲ့ပိုင်ကွမ်ဂန်က အရမ်းလည်းမကျော်ကြားဘူးမလား မင်းကဘာလို့ကြောက်နေတာလဲ?"

ရှောင်ကျန့်ဗိုက်ထဲအက်စစ်အလောင်းခံလိုက်ရသလိုပင်။ ကျန်းချိုးကိုသာ အကြမ်းဖျင်းပြောပြလိုက်၏။

ပိုင်ကွမ်ဂန်က အရံဇာတ်ကောင်တွင်သာသရုပ်ဆောင်ရလေ့ရှိပြီး အကောင်းဆုံးဇာတ်ရံဆုကိုရရှိခဲ့သူ။  သူ့သရုပ်ဆောင်ကောင်းမှုကြောင့်အနည်းငယ်ကျော်ကြားခဲ့ပြီးနောက်တွင်တော့ တဟုန်ထိုးကျော်ကြားလာပြီး ဒါရိုက်တာတို့ကလည်းမျက်နှာသာပေးသဖြင့် ဇာတ်ဆောင်မင်းသားတစ်လက်ဖြစ်လာကာ အခုတော့ လိုင်းပေါ်တွင် လူငယ်အကြိုက် မင်းသားတစ်လက်ဖြစ်နေခဲ့ပေပြီ။ တကယ်တော့ အနုပညာရှင်အသိုင်းအဝိုင်းတွင် ပိုင်ကွမ်က Gayဆိုသည်ကိုလူတိုင်းသိ၏။ သူက သူဌေးမကိုအမိဖမ်းလိုက်နိုင်သည့် ဂေးတစ်ယောက်။ ထိုသူဌေးမသေတော့ ထင်တိုင်းချဲတော့၏။ အခုဇာတ်ကားတွင်လည်း သူ့ရင်းနှီးမှုတစ်ချို့ပါပြီး သရုပ်ဆောင်ကလည်း တော်တော့်ကိုမိမိုက်လွန်းလှ၏။ ဒါရိုက်တာကျန်းကခေါင်းငြိမ့်ပြီးအသာတကြည်လက်ခံခဲ့သည့် ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသားပင်။

"ငါလေယာဥ်ဆင်းတဲ့ညက အဲ့ရုပ်ဆိုးအကျည်းတန်ကောင်က ငါ့တံခါးရှေ့ရပ်ပြီးဇာတ်ညွှန်းအတူတူလေ့ကျင့်ရအောင်တဲ့လေ"

ချီရှီက ဖဲ့ရသည်ကိုပျော်တတ်ပုံပင်။ ကျန်းချိုး သူလည်းဇာတ်ညွှန်းဖတ်ရသည်ကိုကြိုက်ကြောင်းပြောလိုလှသော်လည်း  ချီရှီ၏ ပြီတီတီမျက်နှာပေးကြောင့် အရှိန်သတ်လိုက်၏။ ဒိတ်ဒိတ်ကြဲအသိုင်းဝိုင်းက တကယ့်ချီးထုပ်ကြီး။

ပိုင်ကွမ်ဂန်သည် လူသိများ ကျော်ကြားသူဖြစ်ရာ ဆက်ဆံရာတွင်အလွန်ဂရုစိုက်ရသူဖြစ်သဖြင့် ပြန်ရင်တော့ ချီရှီတစ်ယောက်အပြစ်ပေးခံရပေဦးမည်။ လက်တစ်ဆစ်ဒေါသနှင့် မနာလိုမှုတစ်ချို့ပေါင်းသွားသောချီရှီပင်။ ဒါကိုAnti fanတို့ကတော့ ချီရှီက အကြီးကိုမရိုသေဘူး ကိုယ့်ကိုကိုယ်အထင်ကြီးလွန်းတယ် ...စသည်စသည်ဖြင့် အမဲဖျက်ကြတော့မည်မှာမလွဲ။

"အကို နောက်တစ်ခါဆို နည်းနည်းလေးသည်းခံပေးလိုက်လို့မရဘူးလား"

သွေးစုပ်ဖုတ်ကောင်၏ သန္ဓေသားနှင့်အတူနိုးထခြင်း(MMtranslation)Where stories live. Discover now