ပိုင်လီရှောင်ယွီသည် ယခင်ကတည်းက လင်းရှောင်အားမြင်ဖူးပြီး နာမည်ကိုလည်း သိထားလေသည်။ ထို့ကြောင့် ယူရှောင်မို စပြောသောအခါ ထိုလူမှန်း တန်းသိလိုက်ခြင်းဖြစ်သည်။ တစ်ခုသာ, သူနှင့် ကျန်လူများသည် ထိုလူ၏ အစပိုင်း မထင်မရှားပုံစံမျိုးဖြင့် ရုတ်တရက် ဧရိယာ၂၏ အတော်ဆုံး ဆယ်ယောက်စာရင်းတွင် နံပါတ်၉ ဖြစ်သော စွန်းကျဲအား အနိုင်ယူကာ ထိုနေရာအား လုယူနိုင်ခဲ့ခြင်းကြောင့် မှင်သက်အံ့သြနေကြခြင်းသာ ဖြစ်လေသည်။








ခဏကြာသောအခါ ဆရာမနင်ကျင်း ရောက်လာလေ၏။ 





ဆရာမသည် ပန်းရှောင်ဂါဝန်ရှည်အား ဝတ်ဆင်ထားခြင်းဖြင့် သူမ၏ အဆုံးမရှိသောအလှအား ဖော်ပြနေပေသည်။ တစ်စုံတစ်ယောက်အား အသက်ရှုမှားစေနိုင်လောက်သော ပုံရိပ်သည် သူမအား အသက်အနည်းငယ် ပြန်ငယ်နေသယောင် ထင်ရစေ၏၊ ဆရာမသည် ကျောင်းသားအပေါင်း၏ စိတ်အာရုံအား ဖမ်းစားသွားသဖြင့် ၎င်းတို့သည် ယူရှောင်မိုအပေါ် အာရုံစိုက်ခြင်းများ မပြုနိုင်ကြတော့ပေ။








ဆရာမသည် ကျောင်းသားများအား ဟိုဟိုဒီဒီ အကြောင်းအရာများ မေးမြန်းခြင်းဖြင့် အတန်းစတင်ကာ ပတ်ဝန်းကျင်လေထုအား နွေးထွေးသော စာသင်ခန်းအဖြစ်သို့ မြန်မြန်ဆန်ဆန် ပြောင်းလဲပစ်လေ၏။ အစပိုင်းတွင်  ကျောင်းသားများအား တောက်ရှင်းအကယ်ဒမီတွင် ဆောင်ရန်ရှောင်ရန်ကိစ္စများ ပြောပြ၊ ရှင်းပြပြီး ယခုမူ ကျောင်းတွင်းရှိ ကိစ္စရပ်များအကြောင်း အသေးစိတ် ရှင်းပြတော့မည်ဖြစ်သည်။ ယူရှောင်မိုသိချင်နေသော မေးခွန်းများအတွက်လည်း အဖြေများ သိရပေတော့မည်။






" အခု တို့ကျောင်းရဲ့အနောက်မှာ မိုင်ထောင်ချီရှည်လျားတဲ့ တောင်တန်းကြီးတစ်ခုရှိတယ်.. အဲ့တောင်တန်းရဲ့ လေထဲမှာရော မြေပြင်မှာပါ သားရဲတွေနဲ့ပြည့်နေလို့ ကျောင်းသားတွေကို ကျောင်းဧရိယာအတွင်းမှာပဲ လေ့ကျင့်ဖို့ သတိပေးထားတယ်၊ ဒါပေမယ့် အဲ့ဒီတောင်တန်းတွေထဲကို တခါတစ်လေတော့ အလည်သွားလို့ရတယ် "



" မိစ်ဆာသားရဲတွေ ဖမ်းဖို့ပဲဖြစ်ဖြစ် ကိုယ့်ဘာသာကိုယ် လေ့ကျင့်ချင်လို့ပဲဖြစ်ဖြစ် ကျောင်းသားတွေဟာ အုပ်စုတွေဖွဲ့ပြီး တောင်တန်းတွေဆီကို အမဲလိုက်ထွက်လေ့ရှိတယ်၊ တန်းခွဲ၁က ကျောင်းသားတွေတင်မကဘူး တန်းခွဲ၂က ကျောင်းသားတွေလဲ အဖွဲ့ဖွဲ့ပြီး သွားချင် သွားလို့ရတယ်၊ ဒါပေမယ့် ဆရာဆရာမတွေရဲ့ ခွင့်ပြုချက်တော့ယူရလိမ့်မယ်၊

The Legendary Master's Wife (Myanmar Translation)Where stories live. Discover now