ချင်းစုယွဲ့မှာ သူ့ကိုကြည့်လိုက်ပြီး ပြောစရာ စကားလုံးတွေပင် ပျောက်ရှနေရလေသည်။ အတော်ကြာလေမှ သူမက ကမန်းကတန်း ပြန်တုံ့ပြန်လေ၏။
"အဲ့တာဆိုရင် ကျွန်မတို့အိမ်အသစ်အတွက် ရှင် အစောကြီးထဲက စီစဉ်နေခဲ့တာလားဟင်?"
ချန်းစီနျန်က ခေါင်းညိတ်ပြသည်။
"ဒီအဆောက်အဦတစ်ခုလုံးကို ကိုယ်ဒီဇိုင်းဆွဲခဲ့တာ"
သူက ဆက်ပြော၏။
"မင်း မကြိုက်တာရှိရင် ကိုယ်တို့မင်္ဂလာဆောင်ပြီးမှပဲ ပြန်ပြောင်းကြတာပေါ့"
{T/N ချန်းစီနျန်က အင်ဂျင်နီယာဌာန ဗိသုကာမေဂျာမှာ တက်ခဲ့တာပါ ...
ဟိုးအစပိုင်း ကျောင်းတက်တဲ့အခန်းတွေမှာ ပါခဲ့ပေမယ့် နည်းနည်းကြာသွားတော့ မေ့သွားခဲ့ရင်
ပြန်သတိရသွားအောင်လို့ပါ O_o}
ချင်းစုယွဲ့က ခေါင်းခါသည်။
သူကတော့ ပေါ့ပေါ့ပါးပါးပဲ ပြန်မေး၏။
"ဘာလဲ? မင်း သဘောမကျလို့လား?"
"ဟင့်အင်း ... ကျွန်မ အရမ်းအရမ်းကို သဘောကျပါတယ်"
ချင်းစုယွဲ့က စိတ်ထဲကနေ တွေးမိ၏။
ကျွန်မ အကုန်လုံးကို သဘောကျတယ် ...
ချန်းစီနျန်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက သူမလက်ကိုကိုင်၍ သူတို့အိမ်အသစ်အတွင်းကို ဖြည်းဖြည်းချင်း လိုက်ပြလေ၏။
ချင်းစုယွဲ့မှာ သူ့ဒီဇိုင်းတွေကြောင့် အံ့ဩဘနန်း ဖြစ်နေရသည်။ အိမ်အတွင်းပိုင်းဒီဇိုင်း ... နေရာအထားအသို .. နံရံတွေ ... ခရစ်စတယ်မီးအိမ်တွေ ...အချောမသတ်ရသေးတဲ့ ဒီဇိုင်းကတောင်မှ သူမကို ဟာ့ထ်ထိစေလေသည်။
ချန်းစီနျန်က သူမကို လမ်းပြပေးပြီး ချင်းစုယွဲ့မှာ ရင်သပ်ရှုမောစွာဖြင့် သက်ပြင်းချမိ၏။ သူမ တော်တော်လေး စိတ်လှုပ်ရှားနေတယ်ဆိုတာလည်း သူမကိုယ်သူမ သိလေသည်။ သူက အိပ်ခန်းဒီဇိုင်းကိုပင် တော်တော်လေး စဉ်းစားရေးဆွဲထားသည်။ သို့သော်လည်း ချင်းစုယွဲ့က ကုတင်ပေါ်က မီးခိုးရောင် စောင်နှင့် ခေါင်းအုံးတို့ကို တွေ့လိုက်ရတော့ နည်းနည်း သဘောမကျ ဖြစ်သွားသည်။
"ကျွန်မ ဒီအရောင်ကို မကြိုက်ဘူး"
ချန်းစီနျန်က နောက်ကလိုက်လာရင်းမှ သူမ သဘောမကျသည့် အရာကို နောက်ဆုံးမှာ တွေ့လိုက်ရပြီး ပြုံး၏။
"အင်း အဲ့တာဆို ဘယ်အရောင် ကြိုက်တာလဲ?"