ထားပါတော့ drama တွေထဲကလို သူ့လက်ကို ဆွဲ
ပြီး ခါးလေးကို လှမ်းဖတ်မယ်ဆိုပြီး စိတိကူးယဉ်မိတာ
တောင်ကြက်ပျောက် ငှက်ပျောက်..

"Yrr..ခင်ဗျားကို ရုတ်တရက် ပေါ်ပေါ်မလာနဲ့ပြော
ထားတယ်လေ''

Jungkook ကတော့ ယုန်သွားလေးပေါ်အောင်ပြုံး
ပြနေလေသည်.

Seokjin စာကြည့်တိုက်ရဲ့ ချောင်ကျကျနေရာတွင်ထိုင်
ပြီး စာအုပ်ကို စိတ်ဝင်တစားဖတ်နေသည်.
ဘေးမှာကတော့ ခေါင်းမှေညက်အိပ်နေတဲ့ ယုန်နှာဘူး
Seokjin မျက်စောင်းထိုးကာ စာပြန်ဖတ်နေသည်.

"ကံကောင်းစေတဲ့ မှင်စာ,အိမ်စောင့် မှင်စာ,ဆိုးသွမ်း
သော မှင်စာများ,သက်တန့်ရောင် မှင်စာ,ကိုယ်ပျောက်
မှင်စာ,......''

စာအုပ်ရဲ့ နောက်ဆုံးစာမျက်နှာတွင်
"အချိန်စောင့် မှင်စာ''

Seokjin မျက်လုံးများ လင်းလက်သွားသည်.

"အဖြေတွေ့ပြီထင်တယ်''

Seokjin အိမ်ပြန်ရောက်တော့ လွယ်အိတ်ထဲ ဝတ်စုံ
တစ်စုံရယ် ခေါက်ဆွဲခြောက်.တော့ပိုကီ.ငါးသားပြား.
ကိုလာ.အသားပြား.က်ြအူချောင်း.သကြားလုံး.ချိုချဉ်..
ရယ်ဒီမိတ် စားစရာ အများအပြားယူကာ အိမ်ကထွက်
လာသည်.
Taehyung ကိုတော့ ခရီးသွားချင်တယ်ဟုသာပြော
ခဲ့လေသည်.

တောမှာ နက်သထက်နက်လာသည်.အချိန်စောင့်မှင်
စာ အရိပ်အယောင်ကို မြူ မှုန်လောက်တောင်မတွေ့..
Jungkook က တော့မမောပင်မဲ့ လူဖြစ်တဲ့ seokjin
ကတော့ ပင်ပန်းလေမှန်းသိသာနေသည်

Seokjin မောပန်းလာတာကြောင့် ခဏနားရန်ပြော
ပြီး ဘေးက နွယ်တွေ နဲ့ပိတ်နေတဲ့ ကျောက်ဂူအပေါ်
လက်ထောက်လိုက်သည်.
ကျောက်ဂူ အထင်နဲ့ လက်ထောက်လိုက်ပင်မဲ့ ကျောက်ဂူ
မဟုတ်ပဲ နေရာ အလွတ်ဖြစ်နေတာကြောင့် seokjin
ကျောက်ဂူ အနောက်ထဲ ပြုတ်ကျလေသည်.

"အ့...''

Seokjin အသံကြောင့် jungkook လည်းလိုက်ဝင်
ကြည့်တော့ ဂူအထဲပိုင်းသည် တစ်စုံတစ်ယောက်နေ
သည့်ပုံ ရှိသည်.

"ကိုတို့ ရောက်ပြီ ထင်တယ်''

Jungkook စကားကို seokjin ထောက်ခံကာ ခေါင်းငြိမ့်ပြသည်.

Stranger From Hell { complete }Donde viven las historias. Descúbrelo ahora