Part 19 ( မင်းသမီး ချင်းယာ)

Start from the beginning
                                    

ကျီချန်းက ရှောင်ရှင်း၏စကားကြောင့်ခေါင်းကိုငုံ့ကာ ရယ်လိုက်သည်။ ပြီးနောက်သူက ရှောင်ရှင်းကိုကြည့်ရင်း

"ကျွန်တော် အန်းလုကိုညီလေးတစ်ယောက်လိုပဲခင်တွယ်တော့တာပါဗျာ........ စွန့်လွှတ်နိုင်ခဲ့ပါပြီ။"

ကျီချန်းက ထိုစကားကိုခပ်မြန်မြန်ပင်ပြောလိုက်မိပါ၏။ သို့သော်လည်း မိမိကိုယ်ကို လိမ်လည်ရသည်က တခြားသူကိုလိမ်လည်ရသည်ထက် ပိုခက်ခဲပေသည်။ ကျီချန်း သူ၏မျက်နှာကို မိုးကောင်းကင်ပေါ်သို့မော့ကာထားလိုက်ရင် သက်ပြင်းချသည်။

"ဟူး.....ဒါမှမဟုတ် ခင်မင်မှုကိုမပျက်စီးစေချင်လို့ ကျွန်တော့ရဲ့နှလုံးသားကို မမြင်ချင်ယောင်ဆောင်ခဲ့တာနေမှာပေါ့။

အဲ့တာလည်းကောင်းပါတယ်။ အခုချိန်ထိ သူ့ဘေးနားရှိနေပေးလို့ရတာပေါ့။ "

" အရှင်ကျီချန်း မရုန်းထွက်နိုင်သေးပါဘူး။"

ရှောင်ရှင်းက စိတ်ပျက်လက်ပျက်ဖြစ်နေသော ကျီချန်းကို ကြည့်ကာ ခပ်ပြတ်ပြတ်ပင်ပြောလိုက်သည်။ထိုစကားကြောင့် ကျီချန်းကရယ်လိုက်ရုံအပြင် ပြန်လည်ချေပနိုင်စွမ်းမရှိတော့ချေ။

"ဟား......"

....................

ဤနေရာတွင်လည်း ချိုက်အန်းတွင်ရှိသောအစားအစာတစ်ခုဖြစ်သည့် ပဲပေါင်မုန့်ဆိုင်များကိုတွေ့လိုက်ရသည့်အခါ အန်းလုမှာ အပျော်လွန်ကာ ထခုန်မတတ်ပင်ဖြစ်သွားသည်။ ထိုဆိုင်မှ ဆယ်ခုလောက်ကိုစက္ကူအိတ်လေးဖြင့်ထည့်ခိုင်းပြီးနောက် ပဲပေါင်မုန့်တစ်ခုကိုလက်မှကိုင်ကာ ဆက်လျှောက်လာခဲ့သည်။ ချီရှန်းက ထိုပေါင်မုန့်အိတ်ကိုကိုင်ပေးထားသည်။

"ကောင်လေး။"

ရုတ်တရက် မိမိလက်မောင်းကိုလှမ်းဆွဲကာဆုပ်ကိုင်ခံလိုက်ရသောကြောင့် အန်းလုကထိုလူကိုကြည့်လိုက်သည်။

စျေးလမ်းမထက်တွင် လူတိုင်းက အလုပ်ကိုယ်စီဖြင့် ရှိနေကြသည်။ အန်းလုဘေးတွင်ရှိသော ချီရှန်းက ရုတ်တရက်ဆွဲကိုင်လာတာကြောင့် ထိုလူ၏ လက်ကိုဖြုတ်ချရန်ပြင်လိုက်သော်လည်း ချီရှန်း၏လက်က မြှောက်၍ပင်မရလိုက်ပဲ ကိုယ်ခန္တာတစ်ခုလုံးထိန်းချုပ်ခံလိုက်ရသလိုဖြစ်သွားလေ၏။

LOVE, BUT HURT (Season 3)_ The Last Begin_[Completed] Where stories live. Discover now