သူမရဲ့ ဒေါသထွက်နေပေမယ့် ဝမ်းနည်းမှု စွက်နေတဲ့အသံကို ကြားလိုက်ရတော့ ချန်းစီနျန်က နှစ်သိမ့်ပေး၏။
"စိတ်မကောင်းမဖြစ်ပါနဲ့ ... သူ လုပ်ခဲ့သမျှ အရာအားလုံးကို ကိုယ်တို့လက်စားပြန်ချေမယ်! မင်း ဒေါသမပြေသေးဘူးဆိုရင် သူ့ကို နှစ်ဆ ပြန်ပေးဆပ်ခိုင်းမယ်!"
ချင်းစုယွဲ့ဟာ သူမရဲ့ခေါင်းပေါ် သူ့လက်ဖဝါးနဲ့ ဖွဖွလေးပုတ်ပေးနေတာကို ခံစားလိုက်ရတော့ သူ့ကိုမော့ကြည့်ပြီး နူးညံ့စွာပြော၏။
"ရှင် ကျွန်မကို ယုံတယ်လား? အဲဒီလူအပေါ် သံသယမဖြစ်ဘူးလား?"
"ကိုယ် အဲဒီလူကို သံသယဖြစ်ပေမယ့် မင်းက ကိုယ့်ဇနီးလေ .. ကိုယ်ကဘာလို့ မင်းအစား သူစိမ်းတစ်ယောက်ကို သွားယုံရမှာလဲ?"
"ချန်းစီနျန်..."
"သံသယဖြစ်စရာအချက်တွေလည်း အများကြီး ရှိနေတယ်" သူက သူမကို နက်ရှိုင်းစွာ ကြည့်လိုက်ပြီး မေး၏။
"မင်း သူ့ကို အရင်တုန်းက တွေ့ဖူးလား?"
ချင်းစုယွဲ့က ခေါင်းခါသည်။
"ကျွန်မ သူ့ကို မသိဘူး"
အဲဒီလူက နဂိုချင်းစုယွဲ့နဲ့ နောက်ကျရင် လက်ထပ်ခဲ့တယ်ဆိုတာ သူမ သိနေခဲ့ပေမယ့်လည်းပေါ့။ သူ ဖောက်ပြန်နေတာကို တွေ့ပြီးတော့ အကြင်နာကင်းမဲ့စွာ အသတ်ခံခဲ့ရလေ၏။
အဲဒီလူက အသက်ရှင်နေပြီး အခြားသူတွေကို လိုက်ဒုက္ခပေးဖို့အတွက် မထိုက်တန်ပေ။
ဒါပေမယ့် သူမက ချန်းစီနျန်ကို ဘာကိုမှလည်း ပြောပြလို့မရနိုင်ပါ။
ချင်းစုယွဲ့က တွေးကြည့်လိုက်ပြီး မေးလေ၏။
"ဒီနေ့ဖြစ်တဲ့ကိစ္စမှာ နောက်ကွယ်က လူတစ်ယောက် ရှိနေလိမ့်မယ်လို့ ရှင်ထင်လားဟင်?"
ချန်းစီနျန်က ခဏမျှ တိတ်ဆိတ်နေပြီးမှ ပြန်ဖြေသည်။
"နောက်ကျရင် ကိုယ်မင်းကို လိုက်ပို့မယ် ... ပတ်ဝန်းကျင်ကိုလည်း မင်းက သတိထားရမယ် .. ဒီလိုမှမဟုတ်ရင် မင်းကို စောင့်ရှောက်ဖို့ သက်တော်စောင့်နှစ်ယောက် ပို့ထားမှာ"
ချင်းစုယွဲ့က ချက်ချင်းပဲ ငြင်းပယ်၏။
"မလိုပါဘူး .. ကျွန်မ မနက်ဖြန် ရုပ်သံလွှင့်ရုံကို သွားရဦးမယ်"