Chapter (12)

250 30 7
                                    

ZAWGYI

ခေါင်းရင်းကဖွင့်ထားတဲ့ ပြတင်းပေါက်ဆီက လေးအေးအေးလေး အခန်းထဲ ဝေ့တိုက်လာချိန်မှာ Jimmy ဖြတ်ခနဲ လန့်နိုးလာခဲ့တယ် .. စောင်ကို အိပ်ချင်မူးတူးနဲ့ ဖြစ်သလို ကန်ထုတ်လိုက်ပြီး သူပျင်းရိစွာ ခြေတွေလက်တွေ ဆန့်ထုတ်လို့ တဝါးဝါးသန်းရင်း အညောင်းဆန့်လိုက်တယ်

တစ်ခါမှ ဒီလောက်ထိ သက်တောင့်သက်သာ မရှိဖူးတာမို့ ဒီတစ်ခေါက်ဖျားတာ မဆိုးဘူးလို့ တွေးလိုက်မိတဲ့အထိ

ကိုယ့်နဖူးကိုယ် ပြန်စမ်းကြည့်တော့ သိသိသာသာလေး အေးနေပြီ

" အိမ်မက်ထဲ ကိုကိုရောက်လာတာနဲ့ပဲ ငါက အဖျားကျသွားတယ်တဲ့ "

သူ့ညာဖက်ခြမ်းကို တစောင်းလှည့်လိုက်ပြီး အိပ်ရာနေရာလေးကို လက်ဖဝါးနဲ့ အသာစမ်းလိုက်ရင်း

" ပြီးတော့ ဒီနေရာလေးမှာ ကိုကိုက ဝင်အိပ်ပြီး ငါ့ကိုဖက်သွားတာ "

* ချစ်တယ် Karn * တဲ့ ~~

မျက်လုံးတောက်တောက်လေးတွေနဲ့ မော့ကြည့်နေတဲ့ပုံရိပ်လေး အတွေးထဲ ပြန်ပေါ်လာတော့ သူသက်ပြင်းသဲ့သဲ့ချမိတယ်

အပြင်မှာသာဆို ဘယ်လောက်ကောင်းလိုက်မလဲ

သူ့လက်မထိပ်ဖျားလေးမှာ ကိုကို့နှုတ်ခမ်းရဲ့ နူးညံ့မှု အငွေ့အသက်လေးက ကပ်ငြိတွယ်နေတုန်းပဲ

အဖျားလည်းကျသွားပြီမို့ သူအိပ်ရာထဲ စောင်ခြုံကွေးမနေချင်တော့ .. ကိုကို ဒီနေ့ ပြန်ရောက်မယ် ပြောထားတာမို့ ကောင်းကောင်းပြန်ရောက်ရဲ့လား သူစာပို့ရဦးမယ်

အဆက်အသွယ်ပြတ်နေတဲ့ ၅ ရက်လုံး သူဘယ်လောက်လွမ်းနေကြောင်းကိုလည်း မမောနိုင်မပန်းနိုင် ကိုကိုသိအောင် ပြောပြချင်သေးတယ်လေ

ဖုန်းကိုယူ စာပို့ပြီး အချိန်တော်တော်ကြာ စောင့်ပေမယ့် Seen မပြသေးတာမို့ သူ ကိုကို့ကို နည်းနည်းတော့ စိတ်ပူတယ်

🗨️ ပြန်ရောက်ရောက်ရင်း V call ခေါ်မယ်ဆိုလို့ ကျွန်တော်မျှော်နေတယ် သိလား ကိုကို 🥺

🗨️ ပင်လယ်ထဲ ဘယ်လိုနေခဲ့တဲ့အကြောင်းလည်း ပြောပြ

🗨️ ဒီနေ့လည်းလွမ်းတယ် .. ဒါပေမယ့် မနေ့ကထက်တော့ ပိုတယ် .. ကိုကို့ကို တစ်ရက်ထက်တစ်ရက် ပိုလွမ်းနေမိတော့တာ ကျွန်တော်က

❄️ ခင်ဗျားရှိရာဆီ 🌠Tahanan ng mga kuwento. Tumuklas ngayon